Home News Local News ရုရှား၌ ကျင်းပသည့် “Digitalization of Industrial Russia 2026” ဖိုရမ်သို့ မြန်မာတက်ရောက်၊ ဒီဂျစ်တယ်လုံခြုံရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရုရှား၌ ကျင်းပသည့် “Digitalization of Industrial Russia 2026” ဖိုရမ်သို့ မြန်မာတက်ရောက်၊ ဒီဂျစ်တယ်လုံခြုံရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

0
94

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ မေ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် “Digitalization of Industrial Russia 2026” ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် ရုရှားနိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းကဏ္ဍများမှ တာဝန်ရှိသူများနှင့် ပညာရှင်များက သက်ဆိုင်ရာစက်မှုကဏ္ဍအလိုက် ဒီဂျစ်တယ်နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့နိုင်ငံတကာတွင် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည့် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးနှင့် ထိရောက်စွာတုံ့ပြန်နိုင်မည့် နည်းလမ်းများအပေါ် ရုရှားနိုင်ငံနှင့် နိုင်ငံတကာမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မေ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ သတင်းအချက်အလက်လုံခြုံရေး(IT Security) ဆော့ဖ်ဝဲနှင့် စက်ပစ္စည်းများ ထုတ်လုပ်သည့် Security Code ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ခေတ်မီလုံခြုံရေးနည်းပညာများ မျှဝေပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် NEIMARK တက္ကသိုလ်၏ IT Campus သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဖလှယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here