Wednesday, July 29, 2026

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား...

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင်...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ...

အနုပညာ၊ ဗိသုကာ၏ သပ္ပါယ်မှုဖြင့်ပြည့်စုံသောလောကချမ်းသာ အဘယလာဘမုနိ...

ရန်ကုန်၊ ဇူလိုင် ၂၉ယနေ့ကျရောက်သည့် သာသနာ့နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိန်မြဧရာကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်တော်မူသော "လောကချမ်းသာ အဘယလာဘမုနိ"...
HomeNewsLocal Newsရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးကို သ-တ်ဖြတ်ခဲ့သူနှင့်...

ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးကို သ-တ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့ကိုဖမ်းမိ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ် ကွက်ရှိ 32nd Beauty Land Hotel ၌ ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးအားသတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား အခင်းဖြစ်ပြီး ၂၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်သည် အောက်တိုဘာ ၆ ရက်နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂)၏ ပြတင်းပေါက်အပြင်ဘက် Air Con Outdoor စင်ပေါ်တွင် ယုနစ်နှစ်ခုကြားနေရာတွင်ပလပ်စတစ်အမှိုက်အိတ်အပြာအတွင်း၌ ခုတ်ထစ်သတ် ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအ တွက် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇ သတ်ကြီးပုဒ်မ- ၃၀၂ ဖြင့်အမှုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးသူအမျိုးသမီးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း(၂၃)နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် (၇)အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၇ ရက်နေ့နေ့လယ်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏နေအိမ်မှ ပြစ်မှုကျူး လွန်စဉ်ဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား(၂)ချောင်း၊ သေဆုံးသူကိုင်ဆောင်သော ဖုန်းအပါအဝင် ဖုန်း(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အောင်ခန့်ကျော်ဇင်သည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိရာ သေဆုံးသူ မစုမြတ်ဝင်းနှင့်ပျော်ပါးနေစဉ် ရုပ်ရှင်ဇာတ်ဝင်ခန်းများအတိုင်း မစုမြတ်ဝင်းအား စတီးဓား(၂)ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူစွန့်ပစ်ပြီး ရည်းစားဖြစ်သူ အေမွန်အောင်နှင့်အတူ အခန်းအတွင်းပေကျံနေသည့် သွေးများအားသန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ငလျင်မှာ ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ) မြေအနက် ၁၅ ကီလိုမီတာကို...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ အေးချမ်းမှု

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင် ကြည်နူးသပ္ပါယ်လျက်ရှိသည်။ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အကြောင်းပြု၍ ကမ္ဘာပေါ်ရှိ စစ်မီးများ ငြိမ်းအေးပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာအေးမြပါစေခြင်း ငြိမ်းချမ်းရေး မင်္ဂလာနိမိတ်အဖြစ် အေးမြသော ဘွဲ့မည်တော် "ကမ္ဘာအေး" ဟု ကိန်းဝပ်စံပယ် သမုတ်တည်ထားခဲ့သည့် သမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်သည်။ ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ် တွင်ကမ္ဘာသူ...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့ မြင်ကွင်း

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ ပွားများသူများဖြင့် အထူးကြည်နူးသပ္ပါယ်စွာ စည်ကားလျက်ရှိသည်။ ရန်ကုန်စွယ်တော်မြတ်စေတီတော်သည် ၁၉၉၄ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ကြွရောက်၍ ပထမအကြိမ် ဒိဋ္ဌဓမ္မ ပူဇော်ခံစဉ်က စွယ်တော်မြတ်၏ ရင်ငွေ့တော်ကို ခိုလှုံပူဇော်ခွင့် ရရှိခဲ့သည့် သမိုင်းဝင် သာသနာ့အမှတ်အသားတစ်ရပ် ဖြစ်သည်။ ထိုသို့ စွယ်တော်မြတ် ကြွရောက်လာစဉ် သက်ဆိုင်ရာမှ စွယ်တော်မြတ်၏ ပုံသဏ္ဌာန်အတိုင်း ပုံတူစွယ်တော်ပွား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071