Tuesday, May 26, 2026

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ...

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...

သင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့် ယာယီဓာတ်အားပေးနိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏခွဲရုံရှိ ၆၆/ ၃၃ KV ၃၀ MVA ထရန်စဖော်မာ(No.1)သည် မေ ၂၅ ရက်ည ၁၁...
HomeNewsLocal Newsရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့...

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ၂ ရက် ဆေးကုသပေးမည်  

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁ ရက်အထိ (၂) ရက်တိုင်တိုင် “အခမဲ့” ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။      

လာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) – ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (အစာအိမ်နှင့်အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။

ထို့ပြင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြောဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး (ရင်ခေါင်းဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) – ရန်ကုန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ်ဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) – ရန်ကုန်၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး (ကင်ဆာဆေးပညာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆရာဝန်ကြီး (ကလေးကင်ဆာ) ကလေးဆေးရုံကြီး-ရန်ကုန်နှင့် အထူးကုဆရာဝန်ကြီးကလေးဆေးရုံကြီး-ရန်ကုန် (ကလေးဦးနှောက်နှင့် အာရုံကြောဆေးကု) စသည့် အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။  

သို့ဖြစ်ရာ  ဆေးကုသလိုသူများအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး ဧည့်ကြိုဌာနတွင် စုံစမ်း၊ စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုး‌ဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071