Tuesday, May 26, 2026

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်...

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁...

နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင်...

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း သားအိမ်ခေါင်းကင်ဆာရောဂါအကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေး‌နေကြောင်း သိရသည်၊ အထူးကုဆရာဝန်(သားဖွားမီးယပ်) နှင့်...

ရာသီပေါ်အင်ဥများ စျေးကောင်းရနေ

စျေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ စျေးကောင်းရနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရှိရသည်။ ရာသီပေါ်အင်ဥများဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး ဈေးနှုန်းမြင့် မားမှုကြောင့် ရောင်းချသည့်ဈေးသည်လည်း နည်းပါးလျက်ရှိကြောင်း...

သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားသည့် Fertility...

ရန်ကုန်တိုင်း ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ Fertility Centre ကို သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားပြီး မေလ ၂၅...
HomeNewsLocal Newsသင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့်...

သင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့် ယာယီဓာတ်အားပေးနိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏခွဲရုံရှိ ၆၆/ ၃၃ KV ၃၀ MVA ထရန်စဖော်မာ(No.1)သည် မေ ၂၅ ရက်ည ၁၁ နာရီ ၄၀ မိနစ်ခန့်က ဓာတ်အားပြတ်တောက်သွားခဲ့သဖြင့် လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာစမ်းသပ်ချက်များကိုဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။

ထို့ကြောင့် MVA ထရန်စဖော်မာ(No.1)ဖြင့် ဓာတ်အားပေးထားသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ၊ နှင်းဥယျာဉ်အိမ်ရာ၊ နေနန်းသုခအိမ်ရာ၊ မိကျောင်းကန် (၁/၂/၃)၊ (ဆ/က)၊ (ဆ/ခ)၊ (ဇ/တောင်)၊ (ဇ/မြောက်)၊ ဆယ်သိန်း၊ စ/သုမင်္ဂလာရပ်ကွက်၊ (ဇောတိက+သုမင်္ဂ လာ)အိမ်ရာ၊ ဦးစံဖေ၊ ရန်အောင်၊ ဇဝန၊ (၁၆/၁/၂/၃/၄)၊က၊ ခ၊ ဂ၊ ဃ၊ (င/ခ)၊ ဗိုလ်ကံညွန့်ရပ်ကွက်နေရာတို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်။

ထိုသို့ ဓာတ်အားပြတ်တောက်မှုအတွက် ယင်းဓာတ်အားခွဲရုံရှိ ၆၆/၃၃ KV ၃၀ MVA ထရန်စဖော်မာ(No.2) ဖြင့် ယာယီဓာတ်အားပေးနိုင်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ၂ ရက် ဆေးကုသပေးမည်  

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁ ရက်အထိ (၂) ရက်တိုင်တိုင် "အခမဲ့" ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။       လာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) - ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (အစာအိမ်နှင့်အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။ ထို့ပြင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြောဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန်ကြီး...

နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းဆောင်ရွက်ပေးနေ

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း သားအိမ်ခေါင်းကင်ဆာရောဂါအကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေး‌နေကြောင်း သိရသည်၊ အထူးကုဆရာဝန်(သားဖွားမီးယပ်) နှင့် ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း အသက် (၂၅) နှစ်မှ (၄၉) နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်ဆေးဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာ စစ်ဆေးတွေ့ရှိပါက ရာနှုန်းပြည့်နီးပါး ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါဖြစ်ပြီး ယခုချိန်တွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသက်အရွယ်သတ်မှတ်ချက်အလိုက် HPV ကာကွယ်ဆေး (Human Papillomavirus Vaccine) ကို...

ရာသီပေါ်အင်ဥများ စျေးကောင်းရနေ

စျေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ စျေးကောင်းရနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရှိရသည်။ ရာသီပေါ်အင်ဥများဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး ဈေးနှုန်းမြင့် မားမှုကြောင့် ရောင်းချသည့်ဈေးသည်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။ အင်ဥထွက်ရှိရာဒေသများ၏ နယ်မြေအခြေအနေနှင့်သယ်ယူရခက်ခဲမှု၊ စရိတ်မြင့်မားမှုများကြောင့် အင်ဥ ဈေးနှုန်းများမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အင်ဥဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ အထိရှိနေကြာင်း၊ အင်ဥများမှာ ကောလင်း၊ ဝန်းသို၊ ကသာ၊ ဗန်းမော် စသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ ထွက်ရှိခြင်းဖြစ်သည်။ ယခုအခါ အဆိုပါဒေသများမှာ နယ်မြေအခြေအနေအရသွားလာရခက်ခဲမှုများကြောင့် ဈေးကွက်အတွင်းကုန်ပစ္စည်းတင်ပို့နိုင်မှုနည်းပါးနေခြင်းကြောင့်လည်း အင်ဥ ဈေးနှုန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071