မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုးဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY SPORTS မှ (၅) သိန်းကျပ်နှင့် ဦးအောင်ကျော်သူက (၅) သိန်းကျပ်တို့ကိုဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အားကစားနည်း (၃) နည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား (၃) ယောက်တွဲ Regu Event ကစားနည်းတွင် ငွေတံဆိပ်၊ အမျိုးသား (၄) ယောက်တွဲ Quadrant Event ကစားနည်းတွင် ပူးတွဲကြေးတံဆိပ်တို့ရရှိခဲ့ကြောင်း သိရသည်။
