ရက်(၁၀၀)စီမံချက်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌
သက်ကြီးကျန်းမာ ဘက်စုံပြုစုစောင့်ရှောက်မှု ပြင်ပလူနာဌာ ဖွင့်လှစ်မည် ဖြစ်ကာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ သက်ကြီးပုဂ္ဂိုလ် များကို ကုသပေးမည်ဖြစ်သည်။
ယင်းအစီအစဉ်သည် ယနေ့ (မေ ၂၀) ရက်နေ့မှ စတင်မည် ဖြစ်သည်။
ကုသချိန်သည် နံနက်ပိုင်း ( ၉ နာရီ မှ ၁၂ နာရီထိ), မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတိုင်း ဖြစ်သည်။
ယင်းနေရာ၌ ဆေးပညာဌာန၊ ဆီးချိုနှင့် ဟိုမုန်းဌာန၊ အရိုးနှင့်ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဌာန၊ အရေပြားဌာနနှင့် သွားနှင့်ခံတွင်းဌာန စသည် အထူးကုဌာန (၆) ခုမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ သက်ကြီးပုဂ္ဂိုလ် လူနာများအတွက် တစ်နေရာတည်း၊ တစ််ချိန်တည်းတွင် ကုသမှု ပေးသွားမည် ဖြစ်သည်။
