အပြန်အလှန်ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမည့် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ပြပွဲကို လာမည့် မေ ၂၃ ရက်နှင့် မေ ၂၄ ရက်တို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ရှိ Melia Yangon Hotel တွင်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြန်အလှန်ချိတ်ဆက်မှုများနှင့် ကဏ္ဍအလိုက်ပူး ပေါင်းပါဝင်မှုများမှတစ်ဆင့် အလားအလာရှိသော အ ခွင့်အလမ်းသစ်များကိုရှာဖွေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြပွဲလာရောက်မည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လာရောက်လေ့လာလိုသူများအနေဖြင့် https://forms.gle/m9TPAzpjNjEnR6Du6 တွင်စာရင်းပေးသွင်းနိုင်ကာ မြန်မာအပြည်ပြည်ဆိုင်ရာလေ ကြောင်း(MAI)မှလည်း ပြပွဲအား Platinum Sponsor အဖြစ်အားဖြည့်၍ ပြခန်းဖွင့်လှစ်ပြသသွားမည်ဖြစ် သည်။
ယင်း ပြပွဲသည် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများစွာပြုလုပ်နိုင်မည့် စီးပွားရေးပြပွဲကြီးဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များသွားရောက်လေ့လာသင့်သည့် ပြပွဲကောင်းတစ်ခုဖြစ်သည်။
