Wednesday, May 13, 2026

ပုသိမ်တွင် 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ...

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ...

ဧရာဝတီတိုင်းအတွင်း Football For School...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန်...

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)...
HomeNewsLocal Newsရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ်...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁ သန်းကျော်ဖိုး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

မေလအတွင်း ရက်အလိုက် စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှုအနေဖြင့် မေ ၄ ရက်တွင် ကျပ် ၈၅ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၇,၁၅၆၊ မေ ၅ ရက်တွင် ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၂၀၇၈ ၊ မေ ၆ ရက်တွင် ကျပ် ၆၅ သန်းကျော် တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၈,၆၄၇၊ မေ ၇ ရက်တွင် ကျပ် ၅၉ သန်းနီးပါးတန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၀,၇၇၂၊ မေ ၈ ရက်တွင် ကျပ် ၈၈ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၉,၀၅၅၊ မေ ၉ ရက်နှင့် ၁၀ ရက်သည် ဈေးကွက်ပိတ်ရက်များ ဖြစ်သည်။

မေ ၁၁ ရက်တွင် ကျပ် ၃၈ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၉၂၂၀ ၊ မေ ၁၂ ရက်တွင် ကျပ် ၁၇၁ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၂၉၃၂၇ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။

YSX တွင် စာရင်းဝင်ကုမ္ပဏီ

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ၈ ခုမှ အရောင်းအဝယ်ပြုလုပ်နေခြင်း ဖြစ်သည်။အဆိုပါကုမ္ပဏီများမှာ First Myanmar Investment Co., Ltd. (FMI)၊ Myanmar Thilawa SEZ Holding Public Ltd.(MTSH)၊ Myanmar Citizens Bank Ltd. (MCB)၊ First Private Bank Ltd.(FPB)၊ TMH Telecom Public Co., Ltd.(TMH) ၊ Ever Flow River Group Public Co., Ltd.(EFR)၊ Amata Holding Public Co., Ltd. (AMATA) နှင့် Myanmar Agro Exchange Public Co., Ltd. (MAEX)တို့ ဖြစ်သည်။

စာရင်းဝင်အကြိုဈေးကွက်တွင် Myanma Agricultural & General Development Public Ltd (MADPL) နှင့် G.B.S Agricultural Services Public Co.,Ltd (ASPGB) တို့က အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။

ယနေ့ (မေ ၁၂ ရက်) တွင် စတော့ဈေးနှုန်းများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း၏ တစ်နေ့တာရှယ်ယာအပိတ်ဈေးနှုန်းအနေဖြင့် FMI က ရှယ်ယာတစ်စောင်လျှင် ကျပ် ၁၃,၅၀၀ ဖြင့် ရှယ်ယာ ၂၀၈၇ စောင်၊ MTSH က ရှယ်ယာတစ်စောင်လျှင် ကျပ် ၆,၃၀၀ ဖြင့် ရှယ်ယာ ၁၆,၆၃၆ စောင်၊ MCB က ရှယ်ယာတစ်စောင်လျှင် ကျပ် ၉,၄၀၀ ဖြင့် ရှယ်ယာ ၁,၆၅၀ စောင်၊FPB က ရှယ်ယာတစ်စောင်လျှင် ကျပ် ၄,၄၀၀ ဖြင့် ရှယ်ယာ ၂,၀၅၄ စောင်၊ TMH က ရှယ်ယာတစ်စောင်လျှင် ကျပ် ၃,၂၅၀ ဖြင့် ရှယ်ယာ ၃ စောင်၊ EFR က ရှယ်ယာတစ်စောင်လျှင် ကျပ် ၁,၇၅၀ ဖြင့် ရှယ်ယာ ၆,၅၃၉ စောင်၊ AMATA က ရှယ်ယာတစ်စောင်လျှင် ကျပ် ၃,၉၅၀ ဖြင့် ရှယ်ယာ ၃၆ စောင်၊ MAEX က ရှယ်ယာတစ်စောင်လျှင် ကျပ် ၄,၁၀၀ ဖြင့် ရှယ်ယာ ၃၂၂ စောင် ဖြစ်သည်။

စာရင်းဝင်အကြိုဈေးကွက်တစ်နေ့တာအရောင်းအဝယ်မြောက်မှုအနေဖြင့် မေ ၁၂ ရက်က MAGDBL က ရှယ်ယာတစ်စောင်လျှင် ကျပ် ၃,၆၅၀ ဖြင့် ရှယ်ယာ ၃၇၆ စောင်၊ G.B.S Agricultural Services Public Co.,Ltd (ASPGB) က ရှယ်ယာတစ်စောင်လျှင် ကျပ် ၃၈,၀၀၀ ဖြင့် ရှယ်ယာ ၁၀၀ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုသိမ်တွင် 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း စတင်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar Power Generation Project ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ စီမံကိန်းမှ လစဉ် 30MW ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေ၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုနှင့် အကောင်အထည်ဖော်မည့် အချိန်ကာလများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၇...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသည့် သတ်မှတ်ထားသော ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများအလိုက် ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ခေါ်ဆောင်၍ လာရောက်အပ်နှံရမည်ဖြစ်ပြီး မေလ တတိယပတ်အတွင်း ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွေးချယ်ခံရသူများအနေဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် (၅) ရပ်အပြင် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကိုလည်း လေ့ကျင့်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းများမှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း...

ဧရာဝတီတိုင်းအတွင်း Football For School Program လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071