Wednesday, May 13, 2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန်...

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)...

အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ ယူ-၁၇...

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ Asian Cup 2026 အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သည့် မျိုးဆက်သစ် လူငယ်ကစားသမားများအား...
HomeMoviesဧရာဝတီတိုင်းအတွင်း Football For...

ဧရာဝတီတိုင်းအတွင်း Football For School Program လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသည့် သတ်မှတ်ထားသော ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများအလိုက် ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ခေါ်ဆောင်၍ လာရောက်အပ်နှံရမည်ဖြစ်ပြီး မေလ တတိယပတ်အတွင်း ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွေးချယ်ခံရသူများအနေဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် (၅) ရပ်အပြင် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကိုလည်း လေ့ကျင့်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းများမှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁ သန်းကျော်ဖိုး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။ မေလအတွင်း ရက်အလိုက် စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှုအနေဖြင့် မေ ၄ ရက်တွင် ကျပ် ၈၅ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၇,၁၅၆၊ မေ ၅ ရက်တွင် ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၂၀၇၈ ၊ မေ ၆ ရက်တွင်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန် ၂ ရက်တွင် ကျင်းပမည်

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁) တို့အရ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071