Tuesday, June 30, 2026

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို...

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ်...

ရက်(၁၀၀) စီမံချက်တွင် ပညာရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်နေဟု...

အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ပညာရေးကဏ္ဍကို အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးအရည်အသွေး မြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို...

မြန်မာဝတ်စုံဖြင့် ရွှေတိဂုံဘုရားဖူးခဲ့သည့် လာအိုဒုဝန်ကြီးချုပ်ဇနီးနှင့် ကလျာဏမိတ္တချစ်ကြည်ရေး

ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်အပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံတော်သမ္မတအနေဖြင့် လာအိုနိုင်ငံသို့ တုံ့ပြန်ချစ်ကြည်ရေးခရီး သွားရောက်တော့မည်ဖြစ်ကြောင်း...
HomeMoviesရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများ၏...

ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြ ဖြည့်ဆည်းဆောင်ရွက်မည်ဟု တိုင်းအစိုးရပြော

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ မူလတန်းကျောင်း (အ.မ.က) များတွင် ကြုံတွေ့နေရသည့် ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားသည်။

ယင်းကို ဇွန် ၂၉ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခိုင်ဦး၏ အ.မ.က ကျောင်းများရှိ ဆရာ၊ ဆရာမလိုအပ်ချက်နှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်များပြားနေသည်ကို သိရှိထားပြီးဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြ၍ ဖြည့်ဆည်းဆောင်ရွက်သွားမည်” ဟု လူမှုရေးရာဝန်ကြီးက ပြောသည်။

ထို့ပြင် အ.မ.က ကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးနှင့် သင်ပြနည်းပြဒီပလိုမာသင်တန်းဆင်းများ၊ B.A./B.Sc (Education) သင်တန်းဆင်းများကို အသစ်ခန့်ထားသည့်အချိန်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ အထက်တန်းပြဆရာ၊ ဆရာမလိုအပ်ချက်များကိုလည်း B.Ed (၅) နှစ်သင်တန်းဆင်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းဆင်းများအား အသစ်ခန့်ထားသည့်အခါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိအခြေအနေများကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်တိုင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားလာသည့် ဆရာ၊ ဆရာမများကိုလည်း လိုအပ်သည့်ကျောင်းများတွင် တွဲဖက်တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို အလုပ်သမားသံအရာရှိရုံး ကူညီပြန်လည်ပို့ဆောင်

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဉ်လက်မှတ်အတုဖြစ်နေသဖြင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်သည် အိုမန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လာရာတွင် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ Transit ဖြင့် စောင့်ဆိုင်းနေစဉ် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်...

ရက်(၁၀၀) စီမံချက်တွင် ပညာရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်နေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ပညာရေးကဏ္ဍကို အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးအရည်အသွေး မြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန်လ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာခိုင်ခိုင်စိုးက သမ္မတ၏ အစည်းအဝေးများတွင် ပညာရေးကဏ္ဍကို အမြဲတမ်းဦးစားပေးဆွေးနွေးလေ့ရှိကြောင်း၊ သန်းခေါင်စာရင်းနှင့် စစ်တမ်းများကို အခြေခံကာ အားနည်းနေသည့် ပညာရေးကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့်...

ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ဟု ဦးသောင်းအေး ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ဦးသောင်းအေးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို လွှတ်တော်အဆင့်ဆင့်တွင် မေးခွန်း၊ အဆိုများအဖြစ် တင်ပြဆွေးနွေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် အစိုးရက ဆောင်ရွက်ရမည့်တာဝန်များ၊ လွှတ်တော်က ဆောင်ရွက်ရမည့်တာဝန်များရှိသကဲ့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071