Tuesday, June 30, 2026

ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို...

ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများ၏ ဆရာ၊...

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ မူလတန်းကျောင်း (အ.မ.က) များတွင် ကြုံတွေ့နေရသည့် ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး...

ရန်ကုန်-မန္တလေး အမှတ်(၉)အဆန်နှင့် အမှတ်(၁၀) အစုန်ရထားတို့...

ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ် (၉)အဆန်နှင့် အမှတ်(၁၀)အစုန်ရထားတို့သည် ယနေ့ ဇွန် ၃၀ ရက်မှစတင်၍ လမ်းခရီး၌ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင်ပြောင်းလဲရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရထားစီးခရီးသည်များ၏...

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...
HomeMoviesမြန်မာဝတ်စုံဖြင့် ရွှေတိဂုံဘုရားဖူးခဲ့သည့် လာအိုဒုဝန်ကြီးချုပ်ဇနီးနှင့်...

မြန်မာဝတ်စုံဖြင့် ရွှေတိဂုံဘုရားဖူးခဲ့သည့် လာအိုဒုဝန်ကြီးချုပ်ဇနီးနှင့် ကလျာဏမိတ္တချစ်ကြည်ရေး

ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်အပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံတော်သမ္မတအနေဖြင့် လာအိုနိုင်ငံသို့ တုံ့ပြန်ချစ်ကြည်ရေးခရီး သွားရောက်တော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

ဤသို့ ထိပ်သီးခေါင်းဆောင်များအကြား ဆက်တိုက်ဆိုသလို အပြန်အလှန် လည်ပတ်ကြခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးရာ အခင်းအကျင်းကို ပိုမိုအားကောင်းလာစေရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ခရီးစဉ်အတွင်း လာအိုဒုတိယဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူတို့ ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့ရှိ သမိုင်းဝင်ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။ ထိုသို့ သွားရောက်ဖူးမြော်ရာတွင် လာအိုဒုတိယဝန်ကြီးချုပ်ဇနီးနှင့်အဖွဲ့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို အလေးထားသောအားဖြင့် မြန်မာဝတ်စုံများကို ကိုယ်တိုင်တကူးတက ဝယ်ယူပြင်ဆင်ကာ စနစ်တကျ ဝတ်ဆင်၍ ဘုရားဖူးတက်ခဲ့ကြသည်။

ဤကဲ့သို့ လာအိုခေါင်းဆောင်များ၏ သိမ်မွေ့လှသော အပြုအမူသည် ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာချင်း များစွာကွာဟမှုမရှိသည့် အိမ်နီးချင်းအချင်းချင်းအကြား နွေးထွေးပျူငှာမှု၊ လေးစားမှုနှင့် စစ်မှန်သော ကလျာဏမိတ္တချစ်ကြည်ရေးကို ပြည်သူများရှေ့မှောက်တွင် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ဟု ဦးသောင်းအေး ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ဦးသောင်းအေးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို လွှတ်တော်အဆင့်ဆင့်တွင် မေးခွန်း၊ အဆိုများအဖြစ် တင်ပြဆွေးနွေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် အစိုးရက ဆောင်ရွက်ရမည့်တာဝန်များ၊ လွှတ်တော်က ဆောင်ရွက်ရမည့်တာဝန်များရှိသကဲ့သို့...

ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြ ဖြည့်ဆည်းဆောင်ရွက်မည်ဟု တိုင်းအစိုးရပြော

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ မူလတန်းကျောင်း (အ.မ.က) များတွင် ကြုံတွေ့နေရသည့် ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားသည်။ ယင်းကို ဇွန် ၂၉ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခိုင်ဦး၏ အ.မ.က ကျောင်းများရှိ ဆရာ၊ ဆရာမလိုအပ်ချက်နှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများတွင်...

ရန်ကုန်-မန္တလေး အမှတ်(၉)အဆန်နှင့် အမှတ်(၁၀) အစုန်ရထားတို့ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်မည်

ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ် (၉)အဆန်နှင့် အမှတ်(၁၀)အစုန်ရထားတို့သည် ယနေ့ ဇွန် ၃၀ ရက်မှစတင်၍ လမ်းခရီး၌ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင်ပြောင်းလဲရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရထားစီးခရီးသည်များ၏ လိုအပ်ချက်နှင့် ခရီးသည်လိုက်ပါစီးနင်းမှုတို့အရ ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်ခြင်းဖြစ်ပြီး ယင်း ရထားခရီးစဥ်များကို စပိန်နိုင်ငံထုတ် DEMU အမြန်ရထားဖြင့် ဇွန် ၁ ရက်မှစ တင်ကာပြေးဆွဲပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရထားများသည် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးတို့၌စတင်ထွက်ခွာပြီး လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာများတွင်ရပ်တန့်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071