ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က ရွှေမြင်းဝန်ဘုရားတောင်ဘက်မုခ်အနီးရှိ နေအိမ်တစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဓါတုကလျာလမ်း ၏ ရွှေမြင်းဝန်ဘုရားတောင်ဘက်မုခ်အနီးရှိ နေအိမ်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြဝတီမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့၍ စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
