Thursday, July 23, 2026

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့်...

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင်...

တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း အသိပေးပါက...

နေပြည်တော်၊ ဇူလိုင် ၂၂ တရားမဝင်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အကြောင်းကြားလာပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများမှ ကင်းလွတ်ခွင့်ပြုပေးသည့်အပြင် လျော်ကြေးငွေကိုလည်း မူလသတ်မှတ်နှုန်း၏...
HomeMoviesမြန်မာ့အရေး ရေရှည်အထူးသံတမန်ခန့်အပ်ရေး အာဆီယံ...

မြန်မာ့အရေး ရေရှည်အထူးသံတမန်ခန့်အပ်ရေး အာဆီယံ စတင်ဆွေးနွေးတိုးတက်မှုတိုင်းတာရန် စံနှုန်းများချမှတ်ရေးကိုလည်း သဘောတူ

မနီလာ၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကာလကြာရှည် ရပ်တန့်နေသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ့အရေးတိုးတက်မှုကို တိုင်းတာမည့် စံနှုန်းများ ချမှတ်ရေးနှင့် ရေရှည်တာဝန်ထမ်းဆောင်မည့် အထူးသံတမန်တစ်ဦး ခန့်အပ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို စတင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင် ၂၁ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပြုချက်များကို မနီလာမြို့တွင် ကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပြင်ပ၌ ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မတင်ပြမီ အကြီးတန်းအရာရှိများက ဆက်လက်ညှိနှိုင်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသီရိဆာ လာဇာရို က ပြောကြားခဲ့သည်။

ယင်းဆွေးနွေးမှုများသည် ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပြုလုပ်ခဲ့သည့် အလွတ်သဘောတွေ့ဆုံမှု၏ နောက်ဆက်တွဲအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးများသည် မြန်မာ့အရေး တိုးတက်မှုကို အကဲဖြတ်နိုင်မည့် အာဆီယံမူဘောင်တစ်ရပ် ဖန်တီးရေးနှင့် နှစ်စဉ်အလှည့်ကျ တာဝန်ယူသည့်စနစ်အစား ရေရှည်တာဝန်ထမ်းဆောင်မည့် အထူးသံတမန်တစ်ဦး ခန့်အပ်ရေး အဆိုပြုချက်များကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

“ဒီကိစ္စဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးအချက်ဖြစ်တဲ့အတွက် အကြီးတန်းအရာရှိတွေကို အသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့ တာဝန်ပေးထားပါတယ်” ဟု အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် လာဇာရိုက ပြောကြားခဲ့သည်။

ထို့ပြင် အထူးသံတမန်၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအတွင်း အထူးယူနစ်တစ်ခု ဖွဲ့စည်းရန် ဘရူနိုင်းနိုင်ငံက အဆိုပြုထားသော်လည်း ရန်ပုံငွေနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မနီလာမြို့၌ စုဝေးရောက်ရှိနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အမေရိကန်၊ တရုတ်၊ ရုရှားတို့အပါအဝင် အဓိကမိတ်ဖက်နိုင်ငံများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုများ၊ တောင်တရုတ်ပင်လယ်အရေး၊ မြန်မာ့အရေးနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆောင်းပါး စာမူများကိုသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာ ၅ ရက်နောက်ဆုံးထား၍ ဆောင်းပါးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီထံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website- www.tourism.gov.mm/en/announcements နှင့် www.tourism.gov.mm/mm/announcements တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၆၇၃၄၀၆၁၀၄ သို့လည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကို ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စာမေးပွဲအရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ နယူးဒေလီမြို့၌ ထောင်နှင့်ချီသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071