Friday, July 24, 2026

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် (၄၁)ကြိမ်မြောက် Indonesia Trade...

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD တွင် လာမည့် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ...

မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ ယင်း မိုးတိမ်တောင်များရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်ည...

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့...

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့်...

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ အစိုးရရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်...

နေပြည်တော်၊ ဇူလိုင် ၂၃ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ကျောင်းကုန်းမဲဆန္ဒနယ်မှ...
HomeMoviesတရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း...

တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း အသိပေးပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများ ကင်းလွတ်ခွင့်ပြုလျော်ကြေးငွေကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ကောက်ခံမည်

နေပြည်တော်၊ ဇူလိုင် ၂၂

တရားမဝင်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အကြောင်းကြားလာပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများမှ ကင်းလွတ်ခွင့်ပြုပေးသည့်အပြင် လျော်ကြေးငွေကိုလည်း မူလသတ်မှတ်နှုန်း၏ ၅၀ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာနက တရားမဝင်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးရန်နှင့် သတ်မှတ်ကာလအတွင်း အသိပေးလာသူများအား ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယခင် ဇူလိုင် ၁၂ ရက်တွင်လည်း သတ်မှတ်ရက် ကျော်လွန်ပြီးနောက် Control Center များမှ စစ်ဆေးတွေ့ရှိသည့် တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေနှင့်အညီ ဒဏ်ကြေးပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းအထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။

လက်ရှိတွင် တရားမဝင်ဓာတ်အား ရယူသုံးစွဲနေသူအချို့က သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးလာလျက်ရှိပြီး ၎င်းတို့အား ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်၊ ဒဏ်ကြေးငွေ ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရန် ကင်းလွတ်ခွင့်၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေအရ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်တို့အပြင် လျော်ကြေးငွေကို မူလသတ်မှတ်နှုန်း၏ ၅၀ ရာခိုင်နှုန်း သာ ကောက်ခံသည့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနက တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာပါက လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများထံ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် (၄၁)ကြိမ်မြောက် Indonesia Trade Expo(TEI) 2026 တွင်ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD တွင် လာမည့် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာကုန်သွယ်မှုပြပွဲဖြစ်သည့် (၄၁)ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 တွင်ပါဝင်ပြသရန် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်ခဲ့သည်။ အဆိုပါ ပြပွဲနှင့်ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းကို ယနေ့ ဇူလိုင် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၌ပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက "The Ultimate...

မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ ယင်း မိုးတိမ်တောင်များရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်ည ၇ နာရီက အသိပေးခဲ့သည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်လညါး မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊...

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုမြင့်တက်

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ဟူသီအဖွဲ့က တိုက်ခိုက်ခံရသည့် သင်္ဘောများမှာ Encelia နှင့် Layla ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနကမူ အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Encelia သင်္ဘောတွင် လက်နက်ထိမှန်ကာ သင်္ဘောဦးပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဟူသီအဖွဲ့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071