Sunday, May 17, 2026

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်...

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်...

MAI က မေ ၁၈...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊...

ဘန်ကောက်ယာဉ်တို-က်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတို-က်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မှုကြောင့် လူ‌ေ-သဆုံးစေမှုဖြင့် ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်စွဲဆိုခဲ့သည်။        ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၆...

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ...

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က...
HomeNewsLocal Newsမြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီအတွက်...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီအတွက် မန္တလေးဇုန် အပြီးသတ်လူရွေးချယ်ပွဲ စတင်ပြုလုပ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ (Women’s Academy) အတွက် မန္တလေးဇုန်အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့ မေလ (၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအကယ်ဒမီအတွက် လူရွေးချယ်ပွဲများကို ဇုန် (၂) ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ဇုန်အတွက်အပြီးသတ်ရွေးချယ်မှုကို မေလ (၁၁) ရက်က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ယခုအခါ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခြင်းခံထားရသည့် အရည်အချင်းရှိ အမျိုးသမီးမျိုးဆက်သစ် ကစားသမားများအား အကယ်ဒမီသင်တန်းသူအဖြစ် တက်ရောက်နိုင်ရန်အတွက် အပြီးသတ်စိစစ်ရွေးချယ်ခြင်းဖြစ်သည်။

မန္တလေးဇုန် အပြီးသတ်ရွေးချယ်ပွဲ ပထမနေ့အစီအစဉ်အဖြစ် တက်ရောက်လာကြသည့် မျိုးဆက်သစ် ကစားသမားများအားလိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ခြင်း၊ ကစားသမားများ၏ ရုပ်ပို င်းဆိုင်ရာကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရန် ဆေးအဖွဲ့များက Medical Check-up ပြုလုပ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲကို မေလ (၁ ၇) ရက်မှ (၁၉) ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီး၊ ကွင်းအတွင်း လက်တွေ့စွမ်းရည်စစ်ဆေးမှု (Field Selection) များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာ့အမျိုးသမီးဘောလုံးလောက၏ အခြေခံအုတ်မြစ်ကို စနစ်တကျ ပျိုးထောင်ပေးမည့် အဆိုပါအကယ်ဒမီသို့ တက်ရောက်ခွင့်ရရှိသူ ရန်ကုန်နှင့် မန္တလေးဇုန် အပြီးသတ်စာ ရင်းကို မေလ (၂၂) ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း အသိပေးထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား(၇ဝ၆)ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား(၁၀၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအားတွေ့ဆုံခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။

MAI က မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်အပြောင်းအလဲဖြစ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊ ဒွန်မောင်း-မန္တလေး-ဒွန်မောင်း၊ ရန်ကုန်-ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ဟိုချီမင်း- ရန်ကုန်၊ ရန်ကုန်-Phnom Penh-ရန်ကုန်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို MAI ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက်အရ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် ခရီးသည်များအနေဖြင့် နောက်ဆုံးရရှိမည့် လေယာဉ်ခရီးစဉ် အချိန်ဇယားများကို သေချာစွာ ပြန် လည်စစ်ဆေး၍ လေဆိပ်သွားရောက်ရန်နှင့် နောက်ဆက်တွဲ ခရီးစဉ်ချိတ်ဆက်မှုများအတွက် လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လည်း MAI...

ဘန်ကောက်ယာဉ်တို-က်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတို-က်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မှုကြောင့် လူ‌ေ-သဆုံးစေမှုဖြင့် ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်စွဲဆိုခဲ့သည်။        ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် အမှတ် ၂၀၆ ဘတ်စ် ယာဉ်မောင်းနှင့် ကုန်တင်ရထားအမှတ် ၂၁၂၆ ၏ အသက် ၅၆ နှစ်အရွယ် ယာဉ်မောင်းတို့ကို တရားစွဲဆိုခဲ့သည်။       စနေနေ့ ညနေ ၃း၄၁ မိနစ်အချိန်က Huai Khwang ခရိုင် Asok-Din Daeng လမ်းပေါ်ရှိ ရထားနှင့် ကားလမ်းဆုံတွင် ယာဉ်တို-က်မှုဖြစ်ပွားခဲ့သည်။ မီးပွိုင့်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071