Friday, July 10, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...

သံလွင်မြစ်အပါအဝင် မြစ် ၅ စင်း...

ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်သဖြင့် ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုနိုင်ရန် သတိပေးချက် ထုတ်ပြန်ထားသည်။ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ တိုင်းထွာချက်များအရ...
HomeMoviesမြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။

ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁:၀၀ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ ကုတင်တစ်ထောင် စစ်ဆေးရုံ ငြိမ်းအေးဇရပ်မှတစ်ဆင့် မင်္ဂလာဒုံစစ်သင်္ချိုင်းသို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဆရာမကြီး၏ အရိုးပြာကို ပုဂံညောင်ဦးမြို့သို့ ပြန်လည်ပို့ဆောင်၍ ဂူသွင်းသိုမှီးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

ပညာရေးတက္ကသိုလ် ပါမောက္ခဘဝမှသည် စာပေလောက၏ နေတစ်စင်းဆီသို့

ဆရာမကြီး ဒေါက်တာမတင်ဝင်း (အမည်ရင်း – ဒေါ်တင်ဝင်း) ကို ၁၉၄၀ ပြည့်နှစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၌ အဖ ဦးဘဌေး၊ အမိ ဒေါ်ရင်ရင်တို့မှ မွေးဖွားခဲ့သည်။ ဆရာမကြီးသည် ၁၉၅၆ ခုနှစ်တွင် ရေနံချောင်းမြို့ အထက (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး၊ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A)၊ ၁၉၆၃ ခုနှစ်တွင် ပညာရေးဝိဇ္ဇာဘွဲ့ (B.Ed) တို့ကို ရရှိခဲ့သည်။ အဆိုပါနှစ်မှာပင် ရေနံချောင်း အထက (၁) ၌ အထက်တန်းပြဆရာမအဖြစ် ပညာဒါန စတင်ပြုခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (ရုရှားနိုင်ငံ) သို့ ပညာသင်သွားရောက်ခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်တွင် “သင်ပြနည်းပညာ (သမိုင်းအထူးပြု)” ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) ရရှိခဲ့ကာ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ပြနည်းပညာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင်ကြီးတစ်ဦး ဖြစ်သည်။
၁၉၈၄ ခုနှစ် ‘သောင်းပြောင်းထွေလာမဂ္ဂဇင်း’ မှတစ်ဆင့် စာပေနယ်ပယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်ခဲ့ပြီး၊ ၁၉၉၂ ခုနှစ်တွင် ‘ရာဇဝင်ထဲမှ မိန်းမသား’ အမည်ရှိ ပထမဆုံးလုံးချင်းစာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း (၁၁၀) ကျော်ကို စဉ်ဆက်မပြတ် ရေးသားထုတ်ဝေခဲ့ရာ၊ ၎င်း၏ စာအုပ်များသည် မြန်မာ့လူငယ်များနှင့် အမျိုးသမီးများအတွက် အတွေးအခေါ်နှင့် သမိုင်းအသိဉာဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

နိုင်ငံတော်က အသိအမှတ်ပြုခဲ့ရသည့် ဂုဏ်ထူးဆောင်ဆုမွန်များ

ဆရာမကြီးသည် စာပေနှင့် နိုင်ငံတော်အတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့မှုကြောင့် အောက်ပါ ဂုဏ်ထူးဆောင်ဆုကြီးများကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည် –

အမျိုးသားစာပေဆု (၃) ဆုရှင်

၂၀၀၁ ခုနှစ်တွင် ‘ကုန်းဘောင်ကိုဆန်၍’ (နိုင်ငံရေးစာပေဆု)၊ ၂၀၀၃ ခုနှစ်တွင် ‘အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသော နယ်ချဲ့များ’ (နိုင်ငံရေးစာပေဆု)၊ ၂၀၀၄ ခုနှစ်တွင် ‘မင်းယောက်ျားတို့၏ စကားရာဇဝင်’ (စာပဒေသာဆု) တို့ကို ရရှိခဲ့သည်။

သုတစွယ်စုံစာပေဆုရှင်

၂၀၀၈ ခုနှစ်တွင် ‘စစ်မီးမငြိမ်းမြက်မစိမ်းသည့်မြေ’ စာအုပ်ဖြင့် ရရှိခဲ့သည်။

အမျိုးသားစာပေတစ်သက်တာဆု

၂၀၂၁ ခုနှစ်တွင် မြန်မာ့စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သက်တာလုံး အားထုတ်ခဲ့မှုကြောင့် ချီးမြှင့်ခြင်းခံရသည်။

အလင်္ကာကျော်စွာဘွဲ့နှင့် ဂုဏ်ထူးဆောင်ဆု

၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်မှ “အလင်္ကာကျော်စွာ” ဘွဲ့တံဆိပ်နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုတို့ကို အပ်နှင်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း အချိန်မီတင်ပြရေး MITS ညှိနှိုင်း

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းဆီများကို စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး၊ ဆီလက်ကျန်စာရင်းများကို အချိန်မီ တင်ပြနိုင်ရေးနှင့် ဆီသိုလှောင်မှုစနစ်များ ပိုမိုကောင်းမွန်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက ဆီကန်များတွင် ဌာနဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး MITS ၏ ကျွမ်းကျင်အဖွဲ့များကလည်း လစဉ် ဆီလက်ကျန်ပမာဏများကို တိုင်းတာစစ်ဆေး၍ မှတ်တမ်းတင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နေ့စဉ်ဆီလက်ကျန်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071