ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ကူဝိတ်နိုင်ငံရှိ ကုလသမဂ္ဂ လူနေအခြေချမှုအစီအစဉ် (UN-Habitat) ရုံးအကြီးအကဲ Dr. Ameera Al-Hasan အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် Dr. Ameera Al-Hasan တို့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကူဝိတ်မြို့ရှိ UN-Habitat ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးနှင့် UN-Habitat ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် Dr. Ameera Al-Hasan က ကူဝိတ်နိုင်ငံတွင် UN-Habitat က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
