Sunday, May 17, 2026

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်...

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း...

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI...

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေးဆွေးနွေး

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ တရုတ်နိုင်ငံ၌ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပသည့် ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များဆက်စပ်အစည်းအဝေးများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများကိုတက်ရောက်ခါ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေးလိုအပ်သည့်အခြေအနေများနှင့်ပတ်သတ်၍ဆွေးနွေးခဲ့သည်။

AI နည်းပညာအား အစိုးရကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ကျန်းမာရေးနှင့် ပြည်သူများအားဝန်ဆောင်မှုပေးနေသည့်ကဏ္ဍများတွင် အသုံးပြုလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့ပြင် AI နည်းပညာကို ဘဏ်များတွင် Customer Service ပေးသည့်နယ်ပယ်၊ Risk Management ဆိုင်ရာနယ်ပယ်များဖြစ်သည့် Credit Assessment ပြုလုပ်ခြင်း၊ ငွေကြေးမသမာမှုနှင့် Transaction Monitoring ဆောင်ရွက်ရာတွင် AI နည်းပညာဖြင့်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံး ပြုနိုင်ရေးလိုအပ်မှုနှင့် Cloud Computing နည်းပညာအား မိမိတို့လုပ်ငန်းတွင် အသုံးချခြင်းဖြင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များလျော့နည်းစေရေးဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ထို့အတူ ဟွာဝေး Global Cyber Security Transparency Center ၌ ဟွာဝေး၏ ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့်လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများစစ်ဆေးနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ Third Party Testing များပြုလုပ်နိုင်မှု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များ (Best Practices)၊ Internet of Things (IoT) ဆိုင်ရာလုံခြုံရေးစနစ်များ၊ BOC ၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ တရုတ်နိုင်ငံရှိ ဘဏ်များတွင်ဆောင်ရွက်ခဲ့သော Smart Banking ၊ Digital Banking များအား AI နည်းပညာဖြင့် အကောင်အထည်ဖော်ခဲ့မှုအတွေ့အကြုံများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ဘဏ်အချင်းချင်း နယ်စပ်ဖြ-တ်ကျော်ငွေပေးချေမှုစနစ် CIPS တွင် မြန်မာဘဏ်များပါ ဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုများတွင်အထောက်အကူဖြစ်စေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက် ၌ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။ သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယနေ့ပွဲစဉ်များတွင်လည်း နိုင်ပွဲများဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071