Tuesday, September 1, 2026

ဒက်စ်ထရီကို ဗဟိုဘဏ်ဥက္ကဌအဖြစ် အင်ဒိုနီးရှားပါလီမန် အတည်ပြု

အင်ဒိုနီးရှားပါလီမန်သည် ဒက်စ်ထရီ ဒါမာယန်တီကို အင်ဒိုနီးရှားဘဏ်(ဘီအိုင်)၏ နောက်တက်မည့် ဥက္ကဌအသစ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာရန်...

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်

နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း...

မိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက် သမိုင်းဝင်...

မိတ္ထီလာ၊ စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ...

အမေရိကန် ရေတပ်သားတွေ Soi 6...

အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ့ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာငွေမှ...

မြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာငွေမှ (၁၀)ရာခိုင်နှုန်းအထိ သတ်မှတ်သုံးစွဲလျက်ရှိဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာငွေမှ (၁၀)ရာခိုင်နှုန်းအထိ သတ်မှတ်သုံးစွဲလျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၁၉ ရက်နံ နက်ပိုင်းတွင် မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက်သုံးအဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် သိပ္ပံ၊ နည်းပညာသာမက စီးပွားရေးပညာရှင်များ၊ သက်ဆိုင်ရာဘာသာရပ်အလိုက်ကျွမ်းကျင်နားလည်သူများ၊ ဥပဒေကျွမ်းကျင်နားလည်သူများ အများအပြားလိုအပ်၍ လွန်ခဲ့သည့် (၄)နှစ်မှစပြီး မြန်မာနိုင်ငံမှ ဝိဇ္ဇာ/သိပ္ပံပညာသင် တက္ကသိုလ်အားလုံးတွင် ဝိဇ္ဇာဘွဲ့(စီးပွားရေး)၊ ဝိဇ္ဇာဘွဲ့ (ဥပဒေ)သင်တန်းများဖွင့်လှစ်ခြင်း၊ ထူးချွန်ကျောင်းသားပညာသင်ဆုများပေးအပ်လျက်ရှိသည်ဟု ပြော သည်။

မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ရာ ယခင်က မူလတန်းပညာ မသင်မနေရသတ်မှတ်ထားသော်လည်း ယခု KG + 9 အလယ်တန်းပြီးသည်အထိ မသင်မနေရ သတ်မှတ်ဆောင်ရွက်နေကာ ပညာရေးအားနည်းသည့်ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ပြောသည်။

ထို့အတူ ပညာရေးဒီဂရီကောလိပ်များကိုလည်း ဆရာအတတ်ပညာသင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍကိုအထူးမြှင့်တင်အားပေးဆောင်ရွက်နေသည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာတော်သင်စေ လွှတ်မှုများကဲ့သို့ ပညာရေးပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုသည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒက်စ်ထရီကို ဗဟိုဘဏ်ဥက္ကဌအဖြစ် အင်ဒိုနီးရှားပါလီမန် အတည်ပြု

အင်ဒိုနီးရှားပါလီမန်သည် ဒက်စ်ထရီ ဒါမာယန်တီကို အင်ဒိုနီးရှားဘဏ်(ဘီအိုင်)၏ နောက်တက်မည့် ဥက္ကဌအသစ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာရန် လမ်းခင်းပေးခဲ့သည်။ ဇူလိုင်လတွင် ဥက္ကဌ ပါရီ ဝါဂျီယိုသည် သူ၏ ဒုတိယသက်တမ်းတစ်ဝက်ခန့်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီးနောက် အသက် ၆၂ နှစ်အရွယ် ဒက်စ်ထရီသည် ရာထူးအတွက် တစ်ဦးတည်းသော အမည်စာရင်းတင်သွင်းခံရသူဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် သူ၏ ကိုယ်စားလှယ်လောင်းတင်သွင်းမှုကို လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီက စိစစ်ကာ ထောက်ခံခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်...

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်

နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။ ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဝန်ကြီးဌာနနှင့် မီးသတ်ဌာနမှ အရာရှိများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့သည် အင်္ဂါနေ့တွင် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ၁၀ ရက်ခန့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံပြီးနောက်တွင်...

မိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စက်တင်ဘာ ၁၉ ရက်တွင်စတင် ကျင်းပမည်​

မိတ္ထီလာ၊ စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။​ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲ၊ ဈေးဆိုင်တန်း အရောင်းဆိုင်များ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။​ ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း နေရာချထားပေးသည့် ဖောင်တော်ဦးစေတီတော်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံစေတီအနီး၊ နန်းတော်ကုန်းရပ်ကွက်နှင့် မိတ္ထီလာမြောင်းကန် အနီးအနားများတွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071