အင်ဒိုနီးရှားပါလီမန်သည် ဒက်စ်ထရီ ဒါမာယန်တီကို အင်ဒိုနီးရှားဘဏ်(ဘီအိုင်)၏ နောက်တက်မည့် ဥက္ကဌအသစ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာရန် လမ်းခင်းပေးခဲ့သည်။
ဇူလိုင်လတွင် ဥက္ကဌ ပါရီ ဝါဂျီယိုသည် သူ၏ ဒုတိယသက်တမ်းတစ်ဝက်ခန့်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီးနောက် အသက် ၆၂ နှစ်အရွယ် ဒက်စ်ထရီသည် ရာထူးအတွက် တစ်ဦးတည်းသော အမည်စာရင်းတင်သွင်းခံရသူဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် သူ၏ ကိုယ်စားလှယ်လောင်းတင်သွင်းမှုကို လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီက စိစစ်ကာ ထောက်ခံခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက် လွှတ်တော်အစည်းအဝေးတွင် သူ၏ အမည်စာရင်းတင်သွင်းမှုကို လွှတ်ေတာ် အမတ်များက အတည်ပြုခဲ့ခြင်းဖြစ်ည်။
လွှတ်တော်က မဲခွဲအတည်ပြုပီးနောက် ဒက်စ်ထရီကို တရားဝင်ခန့်အပ်ရန် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အတည်ပြု ဒီကရီ အမိန့် ကိုထုတ်ပြန်မည်ဖြစ်သည်။
ဘဏ္ဍာရေးတည်ငြိမ်မှုကို အဓိကထားကာ ယခင်ဥက္ကဌ၏ ကောင်းမွန်သော မူဝါဒများကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း မဲခွဲမှုအပြီးတွင် ဒက်စ်ထရီက သတင်းထောက်များကို ပြောကြားခဲ့သည်။
အင်ဒိုနီးရှားဘဏ်သည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် စီးပွားရေးတွင် လုံလောက်သော ငွေ ဖြစ်လွယ်မှုရှိစေရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သူက ပြောကြားခဲ့သည်။
သမ္မတ ပရာဘိုဝိုက တိုးတက်မှုကို အရှိန်မြှင့်တင်ရန် ကြိုးပမ်းမှုကြောင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စတော့ဈေးကွက် ပွင့်လင်းမြင်သာမှုနှင့် ဗဟိုဘဏ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်မှုရှိနေပြီး အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီးနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် အချိန်တွင် ဒက်စ်ထရီက ဘီအိုင်၏ ပဲ့ကိုင်မှုကို တာဝန်ယူမည်ဖြစ်သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
