မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ အောက်တို ဘာ ၁ ရက်ညပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟို တယ်၌ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကိုတက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဇနီး၊ ကောင်စီဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ တာဝန်ရှိသူ များ၊ တက်ရောက်လာကြသူများက ဂုဏ်ပြုညစာကိုသုံးဆောင်ခဲ့ကြသည်။
ဂုဏ်ပြုညစာမသုံးဆောင်မှီနှင့် သုံးဆောင်နေချိန်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာ န၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်၌ မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
