မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။
၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ အ တွက် ဘေးကင်းလုံခြုံစွာကာကွယ်စောင့် ရှောက်ပေးသူများ၊ စိတ်ပိုင်းဆိုင်ရာ နှစ် သိမ့်ဆွေးနွေးပေးသူများနှင့် တစ်ခုတည်းသော မှီခိုအားထားရသူများအဖြစ် တာ ဝန်ယူပေးနေကြကြောင်း ဆိုသည်။
သားဖွားဆရာမများအတွက် ရင်းနှီးမြှုပ် နှံခြင်းသည် ကျန်းမာရေးကဏ္ဍတစ်ခုတည်းအတွက်သာမက အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များ၏ အ သက်ရှင်သန်ရေးနှင့် ဂုဏ်သိက္ခာအတွက်ပါ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟု ကုလ သမဂ္ဂ (မြန်မာ)က ဆိုသည်။
သားဖွားဆရာမများသည် မိခင်နှင့် က လေးသေဆုံးမှုကို လျှော့ချရာတွင်လည်း အရေးပါဆုံးသော အင်အားစုဖြစ်ပြီး ၎င်းတို့၏ အခန်းကဏ္ဍကိုအသိအမှတ်ပြုမြှင့်တင်ပေးရန်လည်း တိုက်တွန်းထားသည်
