Saturday, September 12, 2026

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂...

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင်...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်...

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက်...

ပင်လောင်းမြို့နယ်၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက...

ပင်လောင်း၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ပဲပုပ်သီးနှံ လျာထားဧက...
HomeNewsLocal Newsမြန်မာ–အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ–အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်ရန် ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁၂

မြန်မာ–အိန္ဒိယ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ စက်တင်ဘာ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်နေသည့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် Quick Impact Project (QIP) စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့ပြင် မြန်မာ–အိန္ဒိယ နယ်စပ်ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့လာစေရေး၊ နယ်စပ်ဒေသပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားများ အဆင့်မြှင့်တင်ရေးတို့တွင် သတ်မှတ်မူဘောင်များအတွင်း အိန္ဒိယနိုင်ငံဘက်မှ ကူညီပံ့ပိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။ အန်ကောဝပ်ကျောင်းတော်သည် ခမာဘုရင် Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည့်...

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင် ရွှေ့ဆိုင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့သည့် ဘုရင် ဆူလ်တန် အီဘရာဟင်မ်က အကျဉ်းသား ၆၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နာဂျစ်၏ လျှောက်ထားမှုကို နောက်တစ်ကြိမ် အစည်းအဝေးအထိ ရွှေ့ဆိုင်းဆွေးနွေးရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲက ထုတ်ပြန်သည်။ ယခုလျှောက်ထားမှုမှာ နာဂျစ်အတွက် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခြင်းဖြစ်သည်။ နာဂျစ်သည် ၎င်းဝန်ကြီးချုပ်တာဝန်ယူစဉ် ပူးတွဲတည်ထောင်ခဲ့သည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် မိုဒီနှင့် ပူတင် သဘောတူ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။ ခေါင်းဆောင်နှစ်ဦးသည် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယူးဒေလီမြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် အနောက်အာရှနှင့် ပင်လယ်နက်ဒေသတို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရေကြောင်းကုန်သွယ်မှုနှင့် အိန္ဒိယသင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်နေမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ပဋိပက္ခများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071