ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင် ဝါးတောင်ကျေးရွာနှင့် (၂)မိုင်အကွာ တောင်ယာထဲ၌ ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ မေလ (၂၁) ရက်၊ ညနေပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်ကာ မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် နွားအကောင်ရေ (၅၀) ေ-သဆုံးခဲ့ခြင်း ဖြစ်သည်။
တောင်ယာထဲ၌ နွားအကောင်ရေ (၂၀၀) ကျော်နီးပါး လွှတ်ကျောင်းထားစဉ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် အကောင်ရေ (၅၀)ခန့်ေ-သဆုံးခဲ့ခြင်း ဖြစ်သည်။
ေ-သဆုံးသွားသည့် နွားများသည် ရွာသားများ စုပေါင်းမွေးထားခြင်းဖြစ်ကာ ရွာသား (၁၇) ဦး ပိုင်ဆိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအရပ်ရပ်၌ မိုးကြိုကာလဖြစ်သည့် အချိန်၌ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း လေထုမငြိမ်သက်မှုများ၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာမှုများကြောင့် အပူပျံ တက်တိမ်များ ဖြစ်ထွန်းကာ မိုးတိမ်တောင်များ ဖြစ်ထွန်းတတ်သည်။
လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်လာတတ်သည်။
