Monday, September 21, 2026

လူငယ်ကျောင်းသားအားကစားသမားများအတွက် လေ့ကျင့်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် ဒုဝန်ကြီးပြော

နေပြည်တော်၊ စက်တင်ဘာ ၂၁ လူငယ်ကျောင်းသားအားကစားသမားများ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးသွားရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက...

FIFA ASEAN Cup 2026...

လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ် ရန်ကုန်၊ စက်တင်ဘာ ၂၁ FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ...

ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားတော်မူမည်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

အီရန်က စာသင်ကျောင်းကို တို-က်ခိုက်ဖို့ ပြင်ဆင်ရာမှာ...

​အီရန်တောင်ပိုင်း မီနက်ဘ်(Minab) မြို့မှာရှိတဲ့ မိန်းကလေး မူလတန်းကျောင်းကို တို-က်ခိုက်ဖို့ ဆုံးဖြတ်စဉ်မှာ အမေရိကန် စစ်တပ်ဟာ AI စနစ်ပေါ် အလွန်အမင်း မှီခိုခဲ့တယ်လို့...
HomeNewsLocal Newsမလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး...

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ

ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား CI ထုတ်ပေးနိုင်

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

ထိန်းသိမ်းခံထားရသူများအနက် ကိုယ်ပိုင်သဘောဆန္ဒဖြင့် နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားသူများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Melaka Camp လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၁ ဦးကို နိုင်ငံသားဖြစ်မှု စိစစ်ခဲ့ရာ အထောက်အထားပြည့်စုံသူ ၅၄ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးနိုင်ခဲ့ပြီး ကျန် ၁၇ ဦးမှာ အထောက်အထားမပြည့်စုံသေးကြောင်း သံရုံးက စက်တင်ဘာ ၂၁ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အထောက်အထားမပြည့်စုံသေးသူများအတွက် မိသားစုဝင်၊ ဆွေမျိုးနှင့် မိတ်ဆွေများထံ ဆက်သွယ်၍ လိုအပ်သည့်အထောက်အထားများ ရယူခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချက်အလက်ပေးပို့၍ စိစစ်အတည်ပြုခြင်းတို့ကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

စခန်းအလိုက် ပထမအဆင့် နိုင်ငံသားစိစစ်နိုင်သူစာရင်း၊ နေရပ်ပြန်လည်ပို့ဆောင်မည့် လူဦးရေ၊ နေ့ရက်၊ အချိန်နှင့် လေကြောင်းလိုင်းခရီးစဉ်အမှတ်တို့ကို မြန်မာသံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှ ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မိသားစုဝင်များထံ မဟုတ်မမှန်ပြောဆိုကာ ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များရှိနေသဖြင့် မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် အထူးသတိပြုကြရန်လည်း မြန်မာသံရုံးက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်ကျောင်းသားအားကစားသမားများအတွက် လေ့ကျင့်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် ဒုဝန်ကြီးပြော

နေပြည်တော်၊ စက်တင်ဘာ ၂၁ လူငယ်ကျောင်းသားအားကစားသမားများ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးသွားရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီး ဦးညီညီသည် စက်တင်ဘာ ၂၀ ရက်က မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပကာ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး စီမံဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။ အားကစားသမားများ စနစ်တကျ လေ့ကျင့်နိုင်ရေးအတွက် စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ထားသည့် အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊...

FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ် ရန်ကုန်၊ စက်တင်ဘာ ၂၁ FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ လူငယ်ကစားသမားသစ်များနှင့် အတွေ့အကြုံရှိ စီနီယာကစားသမားများ ပေါင်းစပ်ပါဝင်လာကြောင်း သိရသည်။ Head Coach Jörn Andersen ဦးဆောင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ကောင်းခန့်ကျော်၊ မိုးဆွေနှင့် ပြည့်စုံအောင်တို့သည် FIFA ASEAN Cup အတွက် စီနီယာလက်ရွေးစင်အသင်း လူစာရင်း၌ ပထမဆုံးအကြိမ် ပါဝင်လာကြခြင်းဖြစ်သည်။ ကောင်းခန့်ကျော်သည် မကြာသေးမီက မြန်မာယူ-၂၀ အသင်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့်...

ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားတော်မူမည်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားပွဲကို မန္တလေးမြို့၊ မလွန်စျေးဆန်လှူအ သင်းကြီး၏ နှစ်(၁၃၀)ပြည့် မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်အလှူပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းတွင်လည်း သီ တဂူဆရာတော်ကြီးက တရားနာဧညိ့ပရိသတ်များကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071