မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ “မီလျံနာ”ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ “ပေါ်ဦး”ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခဲ့ကြသော ပြစ်မှုကျူးလွန်သူ(၁၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းက “မီလျံနာ”ရွှေဆိုင်အား သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၆,၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပ စ္စည်းများကိုလုယက်ယူဆောင်သွားသူ(၆)ဦးအား (ပ) ၁၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထက်ဝေကျော်(ခ)ကိုထက်(၂၂)နှစ်၊ ရှိုင်းကို(ခ)ငရှိုင်း(၃၀)နှစ်၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင် (၃၃)နှစ်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း(၂၁)နှစ်၊ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်(၅၈)နှစ်၊ မောင်မောင်မင်းဇော်(ခ)ကိုမင်း(ခ)ကျားကြီး(၅၇)နှစ်၊ ကျော်စိုးဝင်း(၅၀)နှစ်၊ ခင်စန်းရီ(၂၆)နှစ်တို့အား ပစ္စတိုသေနတ်အပါအဝင် သက်သေခံ ပစ္စည်းများနှင့်အတူ ဇူလိုင် ၂၃ ရက်မှစတင်ကာ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းပါဝင်သူများဖြစ်သည့် နေလင်း(၅၀)နှစ်၊ အိအိချော(၃၉)နှစ်၊ နှင်းသန္တာအောင်(ခ)နှင်းနှင်း(၁၈)နှစ်တို့ကိုလည်းထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်က မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ “ပေါ်ဦး”ရွှေဆိုင်အား သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက် ၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြောင်းဖော်ထုတ်သိရှိခဲ့ရသဖြင့် ပူးပေါင်းပါဝင်သူများဖြစ်သော သန်းစိုး(၅၅)နှစ်၊ ထွန်းလင်းအောင်(ခ)နိုင်ကိုကို (၂၈)နှစ်တို့အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်မြေသာစံမြို့နယ်ရှိ “မိုးမန္တလေး”ရွှေဆိုင်အားလုယက်မှုကျူးလွန်ခဲ့ကြသူများကိုလည်းဖော် ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆက် လက်ဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးရမိထားသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
