Wednesday, July 15, 2026

KPMF နှင့် KNLA အဖွဲ့ဝင်(၄၁)ဦး...

ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင်(၄၁)ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား ယနေ့ ဇူလိုင် ၁၅...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင်...

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ...

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်...

ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန်...

ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖိုရမ်ကို တရုတ်နိုင်ငံ၊...
HomeNewsLocal Newsမန္တလေးမြို့၌ တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်ကို...

မန္တလေးမြို့၌ တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနှင့်အမှုဖွင့်တရားစွဲဆို

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၌ တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနှင့်အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှတာဝန်ရှိသူများက ဇွန် ၂၆ ရက်က အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်း၊ (၈၈)လမ်း x (၈၉)လမ်းကြားရှိ ဦးမျိုးအောင် အမည်ပေါက်တပ်ဆင်ထားသော ရေခဲစက်လုပ်ငန်း၏ စင်တီမီတာတွင် Error ပေါ်နေပြီး မူလအ နေအထားပျက်ယွင်းနေသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်စမ်းသပ်ရေးနှင့် စစ်ဆေးရေးဌာန (ရန်ကုန်မြို့)သို့ မီးသုံးသူနှင့် ဌာနဝန်ထမ်းတို့ကသွား ရောက်စစ်ဆေးရာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်းဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုသို့ ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အား (၃၆၂,၇၄၀)ယူနစ် နစ်နာဆုံးရှုံးခဲ့ရသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေး နစ်နာကြေးများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ပေးဆောင်စေခဲ့ပြီး ဓာတ်အားကိုချက်ခြင်းဖြုတ်သိမ်း ၍ ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားကို မသမာသည့်နည်းဖြင့်ရယူသုံးစွဲထားသော လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KPMF နှင့် KNLA အဖွဲ့ဝင်(၄၁)ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာ မိဘအုပ်ထိန်းသူများထံပြန် လည်အပ်နှံခဲ့

ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင်(၄၁)ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား ယနေ့ ဇူလိုင် ၁၅ ရက်တွင် အ ရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒု-ဗိုလ် ချုပ်ကြီးကျော်လင်းမောင်၊ တိုင်းမှူးဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒု-ဗိုလ်ချုပ်ကြီးကျော်လင်းမောင်၊ တိုင်းမှူး၊ တာဝန်ရှိသူများက အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူပြီး ဆုကြေးငွေနှင့် ထောက်ပံ့ကြေးငွေ၊ လက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ခံဝန်ကတိလက် မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံစနစ်တကျ...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည်

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင်တည် ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)အား တံတားရေလည်တိုင်များပျက်စီးမှုကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း ၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကိုပြုပြင်တည်...

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ် (၁,၃၂၅)စင်တီမီတာအထက် (၁,၃၅၀)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေ၍ အနိမ့်ပိုင်းများဖြစ်သော မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအ တွက် သတိပြုနေထိုင်ကြရန်နှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071