ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင်(၄၁)ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ယနေ့ ဇူလိုင် ၁၅ ရက်တွင် အ ရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒု-ဗိုလ် ချုပ်ကြီးကျော်လင်းမောင်၊ တိုင်းမှူးဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒု-ဗိုလ်ချုပ်ကြီးကျော်လင်းမောင်၊ တိုင်းမှူး၊ တာဝန်ရှိသူများက အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူပြီး ဆုကြေးငွေနှင့် ထောက်ပံ့ကြေးငွေ၊ လက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ခံဝန်ကတိလက် မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံစနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြကြောင်း သိရသည်။
