Monday, May 25, 2026

ကုန်တင်သင်္ဘော၏ အလုံပိတ်အခန်းသို့ ဝင်ရောက်စစ်ဆေးရာမှ မြန်မာသင်္ဘောသား...

အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကုန်တင်တွဲ သင်္ဘော၏ အလုံပိတ်နေရာ အတွင်းသို့ စစ်ဆေးလုပ်ကိုင်ရန် ဝင်ရောက်သွားသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား...

ဆေးလိပ်၊ ဆေးရွက်ကြီး၊ ခေတ်ပေါ် နီကိုတင်းထုတ်ကုန်များနှင့်...

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကြီးမှူးကျင်းပသည့် “ဆေးလိပ်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ ခေတ်ပေါ်နီကိုတင်းထုတ်ကုန်များနှင့် ကွမ်းသီးသုံးစွဲခြင်းဆိုင်ရာ အန္တရာယ်များ၊ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးများနှင့် သိကောင်းစရာများ” (Tobacco, Novel...

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အခြေအနေ သတိပေးချက်အဆင့် လျှော့ချ

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center – ASMC)...

အသက်(၈၅)နှစ်ပြည့် သက်ကြီးပုဂ္ဂိုလ်များ လူမှုရေးပင်စင် စာရင်းပေးသွင်းနိုင်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိနိုင်ရန် အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအား စာရင်းပေးသွင်းကြရန် လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်...
HomeMoviesမန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ...

မန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ ၄၉၈ ခန်း တည်ဆောက်၊

ငလျင်ဒဏ်ခံတံတားစနစ်သစ်ပါ ဒုဋ္ဌဝတီတံတား ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မေ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာ (၂၆) လုံး၊ စုစုပေါင်း အခန်း (၃၈၆) ခန်းကို တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန် စနစ်တကျဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးကို သက်ဆိုင်ရာအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက အနီးကပ်ကြီးကြပ်စစ်ဆေးရန်နှင့် ရေ၊ လျှပ်စစ်နှင့် မီတာစနစ်များ ပြည့်စုံစွာတပ်ဆင်ရန်လည်း လမ်းညွှန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အရာထမ်း/အမှုထမ်းများအတွက် ဝန်ထမ်းအိမ်ရာအသစ် (၇) လုံး၊ စုစုပေါင်း အခန်း (၁၁၂) ခန်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါအိမ်ရာများတွင် လမ်း၊ ရေနှင့် လျှပ်စစ်မီးစနစ်များအပါအဝင် အခြေခံအဆောက်အဦများကို တစ်ပြိုင်နက်တည်း ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အနီရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြင်ဆင်ပြီးစီးမှုနှင့် ဝန်ထမ်းနေရာချထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်–မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတား (၁၀၀၀ ပေ) အသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါတံတားသည် ငလျင်ဒဏ်ခံနိုင်သည့် ERADI-QUAKE Bearing စနစ်ကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ပထမဆုံး တပ်ဆင်တည်ဆောက်သည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်–မန္တလေး အမြန်လမ်းသည် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းဖြစ်သဖြင့် ဒုဋ္ဌဝတီတံတားကို သတ်မှတ်ကာလအတွင်း အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တိုက်တွန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်တင်သင်္ဘော၏ အလုံပိတ်အခန်းသို့ ဝင်ရောက်စစ်ဆေးရာမှ မြန်မာသင်္ဘောသား ၃ ဦး အောက်ဆီဂျင်ပြ-တ်လပ်၍ အသ-က်ဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကုန်တင်တွဲ သင်္ဘော၏ အလုံပိတ်နေရာ အတွင်းသို့ စစ်ဆေးလုပ်ကိုင်ရန် ဝင်ရောက်သွားသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား ၁ ဦးတို့မှာ အောက်ဆီဂျင်ပြတ်တောက် အသ-က်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ရှိ၌ မြန်မာသင်္ဘောသားများ၏ ရုပ်အလေ-ာင်းများ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီလည်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် မေလ ဒုတိယအပတ်အတွင်း ဖြစ်ပွါးခဲ့ခြင်းလည်း ဖြစ်သည်။ အသ-က်ဆုံးရှုံးသွားသူများသည် အသက် ၃၈ နှစ်အရွယ် ကိုသူရဇော်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မင်းထက်နှင့် အသက် ၂၈ နှစ်အရွယ် ကိုဟန်ထူးအောင်တို့...

ဆေးလိပ်၊ ဆေးရွက်ကြီး၊ ခေတ်ပေါ် နီကိုတင်းထုတ်ကုန်များနှင့် ပတ်သက်သည့် ဆိုးကျိုးများ အကြောင်း WHO က ဆွေးနွေးပွဲပြုလုပ်မည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကြီးမှူးကျင်းပသည့် “ဆေးလိပ်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ ခေတ်ပေါ်နီကိုတင်းထုတ်ကုန်များနှင့် ကွမ်းသီးသုံးစွဲခြင်းဆိုင်ရာ အန္တရာယ်များ၊ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးများနှင့် သိကောင်းစရာများ” (Tobacco, Novel Nicotine Products, and Areca Nut: Risks and Realities) အွန်လိုင်းဆွေးနွေးပွဲ (Webinar) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို မေလ ၂၉ ရက် နေ့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ လင့် (https://tinyurl.com/WorldNoTobaccoDayWebinarWHOMM) တွင် စာရင်းပေးသွင်းနိုင်ကြောင်လည်း WHO က အသိပေးထားသည်။ ကျန်းမာရေးဆိုင်ရာ...

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အခြေအနေ သတိပေးချက်အဆင့် လျှော့ချ

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center – ASMC) က မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့်များ လျှော့ချသတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ASMC ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့မှစတင်ကာ မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့်ကို အဆင့် (၂) မှ အဆင့် (၁) သို့ လျှော့ချသတ်မှတ်ခဲ့ပြီး မေလ ၁၄ ရက်နေ့မှစတင်၍ အဆင့် (၁)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071