Saturday, June 6, 2026

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု...

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား...

ဇလန်းစကီးနှင့် တွေ့ဆုံရန် အကြောင်းမရှိသေးဟု ပူတင်ပြော၊...

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက်...

မေလအတွင်း ဟော်မုဇ်ရေလက်ကြားကနေ အမေရိကန်ဦးဆောင်ပြီး သင်္ဘောအစီး...

ပြီးခဲ့တဲ့လတုန်းက အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ အရပ်ဘက် ကုန်တင်သင်္ဘော အစီးရေ ၁၀၀ ကျော်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီညှိနှိုင်းပေးခဲ့တယ်လို့ သည်နယူးယောက်တိုင်းမ်...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ထီအာမခံငွေများ ပြန်လည်ထုတ်ပေးမည်

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများထံမှ ပေးသွင်းထားသည့် အာမခံငွေ (Deposit) များကို...
HomeNewsLocal Newsမန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI...

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) များ ခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ အဆောက်အဦများမှာ (၂၆ x ၂၇) လမ်းကြားနှင့် (၈၂ x ၈၃) လမ်းကြားရှိ မြေဧက (၁.၃၂၇၀) ဧကပေါ်တွင် တည်ရှိသည့် ယခင်မန္တလေးစီးတီးဟိုတယ် (RC-၄ ထပ်) နှင့် ဆက်စပ်အဆောက်အဦများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် EOI ပုံစံများကို တစ်စုံလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် အချက်အလက်များ ဖြည့်သွင်းထားသည့် EOI အဆိုပြုလွှာများနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီမတိုင်မီ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၆၈၀၃၆၂၁၂၁၊ ၀၉-၄၄၄၀၁၅၆၀၉ နှင့် ၀၉-၇၉၈၆၄၄၈၅၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည်

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား ပြန်လည်တူးဖော်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။ ဇွန် ၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ မေးခွန်းကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့...

ဇလန်းစကီးနှင့် တွေ့ဆုံရန် အကြောင်းမရှိသေးဟု ပူတင်ပြော၊ စစ်ရေးရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်မည်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တို-က်ရို-က်တွေ့ဆုံရန် ဇလန်းစကီး၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခုတွင် ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်၏ အခြေခံစည်းကမ်းချက်များကို သဘောတူညီမှုမရသေးသည့် အခြေအနေတွင် ဇလန်းစကီးနှင့် တွေ့ဆုံခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအနေဖြင့် မိမိတို့ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အောင်မြင်သည်အထိ စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း အလေးထားပြောဆိုခဲ့သည်။ ရုရှားက...

မေလအတွင်း ဟော်မုဇ်ရေလက်ကြားကနေ အမေရိကန်ဦးဆောင်ပြီး သင်္ဘောအစီး ၁၀၀ ကျော်ကို လမ်းပြခေါ်ဆောင်ခဲ့

ပြီးခဲ့တဲ့လတုန်းက အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ အရပ်ဘက် ကုန်တင်သင်္ဘော အစီးရေ ၁၀၀ ကျော်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီညှိနှိုင်းပေးခဲ့တယ်လို့ သည်နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။ ဒီသတင်းဖော်ပြချက်အရ အမေရိကန်နဲ့ အီရန်ကြား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့ နောက်ခံအခြေအနေကြောင့် ဒီရေလမ်းကြောင်းကို ဖြတ်သန်းရတာဟာ သင်္ဘောတွေအတွက် အခုထိ အန္တရာယ်များနေတုန်းပဲလို့ ဆိုပါတယ်။ အရင်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM) ဟာ ဒီရေလက်ကြားကနေ သင်္ဘော အစီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071