Home News Local News ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ထီအာမခံငွေများ ပြန်လည်ထုတ်ပေးမည်

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ထီအာမခံငွေများ ပြန်လည်ထုတ်ပေးမည်

0
90

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများထံမှ ပေးသွင်းထားသည့် အာမခံငွေ (Deposit) များကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  ကြေညာထားသည်။

အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများနှင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုကာ ထီစာအုပ်တစ်အုပ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ၃ လစာအတွက် အာမခံငွေများ ပေးသွင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်မှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက်သာ အကျုံးဝင်သဖြင့် ထီလုပ်ငန်းရှင်များ ပေးသွင်းထားသည့် အာမခံငွေများကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အာမခံငွေ ပြန်လည်ထုတ်ယူလိုသူများအနေဖြင့် ဗဟိုအရောင်းဌာနစိတ်တွင် ဝယ်ယူခဲ့သည့် ထီစာအုပ်များအတွက် ပေးသွင်းထားသော ချလန်မူရင်း သို့မဟုတ် မိတ္တူ၊ စာချုပ်မူရင်းခွဲ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မူရင်း သို့မဟုတ် မိတ္တူတို့နှင့်အတူ ထီလုပ်ငန်းရှင်ကိုယ်တိုင် ကျပ် ၃၀၀ တန် တံဆိပ်ခေါင်းကပ် လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အတွင်း ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ငွေစာရင်းဌာနစုတွင် လာရောက်လျှောက်ထား ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here