Saturday, April 18, 2026

ပေါင်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဒယ်အိုးပလပ်ပေါက် အပူလွန်ကဲမီးလေ-ာင်...

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် လျှပ် စစ်ဒယ်အိုးပလပ်ပေါက်အပူလွန်ကဲမီးလေ-ာင်ကာ နေအိမ်များစွာ ပျ-က်စီးဆုံးရှုံးခဲ့မှု ဧပြီ ၁၇ ရက်ည ၁၁ နာရီ ၈...

နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူ

နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ဧပြီ ၁၇ ရက်နံနက် ၁၀ နာရီကကျင်းပရာ မာရဝိဇယကျောင်းဆရာတော်နှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်စည်သာကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ...

ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏...

ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ပြည်သူ့အစိုးရမှ ရက် (၁၀၀) စီမံချက်အစီအစဉ်တွင် အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်...

အာဆီယံယူ – ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ...

ယနေ့ ဧပြီ(၁၈)ရက် ညနေ(၃)နာရီအချိန်တွင် အာဆီယံယူ - ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို မြန် မာယူ-၁၇ အသင်းနှင့် ဖိလစ်ပိုင်...
HomeMoviesမန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊...

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ၃ ခုတွင် ငှားရမ်းလိုမှုမြင့်တက်

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်သည့် မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး စီးပွားရေးလုပ်ငန်းများမှ ငှားရမ်းလိုမှုလည်း မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံ မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ၏ မြေနေရာငှားရမ်းလိုမှု အများဆုံး ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များက ပြောသည်။

“မန္တလေးမှာ စက်မှုဇုန်နားနီးတဲ့ မြေကွက်ကျယ်တွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ အဲဒီနေရာတွေမှာ အရောင်းအဝယ်လည်း ပိုဖြစ်လာတယ်။ အငှားဈေးနှုန်းတွေလည်း တက်လာပါတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်ခန်းဖွင့်ချင်သူတွေကြောင့် ဖြစ်ပါတယ်” ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အချက်အချာကျသည့်နေရာများ၌ ကုမ္ပဏီများနှင့် အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ကျယ်ဝန်းသည့် မြေနေရာများ လိုအပ်မှုမြင့်တက်နေကြောင်း သိရသည်။

ထို့ပြင် အိမ်နှင့်ခြံ အရောင်းအဝယ်များမှာ ငြိမ်သက်နေသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် ငှားရမ်းလိုမှုသည် ဆက်လက် မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။

အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ၏ တန်ဖိုးမှာ နေရာနှင့် အကျယ်အဝန်းအပေါ်မူတည်၍ သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရင်းနှီးမြှုပ်နှံမှုများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါင်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဒယ်အိုးပလပ်ပေါက် အပူလွန်ကဲမီးလေ-ာင် နေအိမ်များစွာပျ-က်စီးဆုံးရှုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် လျှပ် စစ်ဒယ်အိုးပလပ်ပေါက်အပူလွန်ကဲမီးလေ-ာင်ကာ နေအိမ်များစွာ ပျ-က်စီးဆုံးရှုံးခဲ့မှု ဧပြီ ၁၇ ရက်ည ၁၁ နာရီ ၈ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဒယ်အိုးပလပ်ပေါက်အပူလွန်ကဲရာမှ မီးလေ-ာင်မှုဖြစ်ပွား၍ ပေါင်မြို့နယ်မီးသတ်စခန်း၊ အလှပ်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ယနေ့ ဧပြီ ၁၈ ရက်နံနက် ၁၂ နာရီ ၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်(၁၀)လုံးကျော်ပျ-က်စီးဆုံး ရှုံးခဲ့သဖြင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြပြီး...

နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူ

နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ဧပြီ ၁၇ ရက်နံနက် ၁၀ နာရီကကျင်းပရာ မာရဝိဇယကျောင်းဆရာတော်နှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်စည်သာကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ နိုင်ငံတော်သမ္မတရုံး၏ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါ စာများကို ရွတ်ပွားပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ဧပြီလ ၂၀ ရက်တွင် စတင်မည်

ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ပြည်သူ့အစိုးရမှ ရက် (၁၀၀) စီမံချက်အစီအစဉ်တွင် အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ ရသင့်ရထိုက်သောမြေဌားဂရန်နှင့် စက်မှုမြေငှားဂရန်များ၊ လဝက၏ အိမ်ထောင်စုဇယား ပုံစံ(၁၀)နှင့် နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အ ဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ် မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရို-က်ကူးပေးခြင်းနှင့် E - ID Server ရှိ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ်ပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းတို့ကို ဧပြီ လ(၂၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071