Monday, May 25, 2026

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ...

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး...

    ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌...

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေပြီဖြစ်

ယနေ့ မေ ၂၅ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို စတင်လက်ခံနေပြီဖြစ်သည်။ မေလ ၂၅ ရက်မှ ၃၁...
HomeNewsLocal Newsမတ်လနှင့်ဧပြီလအတွင်း အပူဒ-ဏ်ပြင်းထန်နိုင်၍ ပြည်သူများသတိထားရန်လို

မတ်လနှင့်ဧပြီလအတွင်း အပူဒ-ဏ်ပြင်းထန်နိုင်၍ ပြည်သူများသတိထားရန်လို

မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်းနှင့် အပူဒ-ဏ်ကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ အထူးသတိထားရန် သက်ဆိုင်ရာမှ သတိပေးချက် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာ ရှိနေပါက မောပန်းခြင်း၊ ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်ကြောင်း သိရသည်။

အပူချိန် ၃၂ ဒီဂရီမှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်နိုင်ပြီး အထူးသတိထားရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

ထို့ပြင် အပူချိန် ၄၁ ဒီဂရီမှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်းတွင် အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန်မြင့်မားလာပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်ကာ ၅၄ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိပါက အသက်အန္တရာယ်ရှိနိုင်ကြောင်းလည်း သတိပေးထားသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပေါ်ပါက ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် ချွေးအလွန်အကျွံထွက်ခြင်းတို့ကဲ့သို့ လက္ခဏာများ တွေ့ရှိနိုင်သည်။

အခြေအနေ ပိုမိုဆိုးရွားလာပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အပူဒဏ်အန္တရာယ် ခံစားရသူများကို တွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုမှုများ ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသင့်ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု ပြီးစီး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများ ယခုအခါ အောင်မြင်စွာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထွာန်းစိမ့်စမ်းရေမှ သွယ်တန်းထားသည့် ပင်မပိုက်လိုင်းများ ပြီးစီးသဖြင့် ဗလိုင်အထက်ရပ်ကွက်ရှိ ဂါလန် (၃၀,၀၀၀) ဆံ့ ရေလှောင်ကန်သို့ ရေအဆက်မပြတ် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေလှောင်ကန်မှတဆင့် ဗလိုင်အထက်ရပ်ကွက်၊ ပြ ည်သူ့ဆေးရုံအနီးတဝိုက်နှင့် တောင်ဇလပ်ရိပ်သာအနီးရှိ ပြည်သူများ၏ နေအိမ်များအထိ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ပြီဖြစ်သည်။ ဖလမ်းမြို့၏ ပင်မရေပေးဝေရေးလုပ်ငန်းများတွင် လိုင်ဗားဆည်ရေပေးဝေရေး၊...

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး ‌ေ-သ၊ ၁၇ ဦး ပျေ-ာက်ဆုံးလျက်ရှိ

    ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အပျ-က်အစီးပုံအောက်မှ အသက်ရှင်လျက်ရှိသေးသော လက္ခဏာများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။      ဆွဲထုတ်နိုင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးသည် ပြန်ထုတ်ယူနိုင်ချိန်တွင် သွေးခုန်နှုန်းကို စမ်း၍ ရနေခဲ့သေးသော်လည်း နောက်ပိုင်းတွင် ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီးဘေးကာကွယ်ရေးဗျူရိုမှ ပြန်ကြားရေးအရာရှိ မစ္စ မာရီယာ လက်ဆာဂျီလီက ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပြီး အခြားတစ်ဦးသည်...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းသည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း WFP က ထောက်ပြထားသည်။ အဆိုပါ ထောက်ပံမှုအရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071