Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalမဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ ပိတ်ပစ်ခဲ့ကာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် လူများစု ဟိန္ဒူဘာသာဝင် ကသည်းများနှင့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ကူကီး အသိုက်အဝန်းများအကြား တိုက်ခိုက်မှုများသည် ၁၈ လကျော်လာပြီဖြစ်ကာ ပြည်နယ်ကို လူမျိုးစုနယ်မြေများအဖြစ် ကွဲပြားသွားစေခဲ့သည်။

ရုပ်အလေ-ာင်းများသည် ကသည်းအသိုက်အဝန်းမှဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က မဏိပူရ ရဲတပ်ဖွဲ့နှင် ကူကီး သောင်းကျန်းသူများအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဂျီရီဘမ်ခရိုင်တွင် ၎င်းတို့ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်တွင် ဂျီရီဘမ်ရှိ မြစ်တစ်ခုအတွင်းမှ အလေ-ာင်းသုံးလေ-ာင်းကို ဆယ်ယူရရှိခဲ့ပြီး နောက်သုံးလေ-ာင်းကို နိုဝင်ဘာ ၁၆ ရက်တွင် တွေ့ရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာများက သတင်း ဖော်ပြသည်။

အလေ-ာင်းများတွေ့ရှိခဲ့မှု သတင်းကြောင့် ဒေါသထွက်နေသော လူအုပ်များသည် ဒေသတွင်းရှိ နိုင်ငံရေးသမား ခုနစ်ဦး၏ နေအိမ်များကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုတွင် အသေးစားပျက်စီးမှုသာ ဖြစ်ခဲ့သည်ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်တွင် ဆန္ဒပြသူများသည် ပြည်နယ်မြို့တော် အင်ဖာရှိ လမ်းများ၊ ကားတာယာများကို မီးရှို့ကာ ပိတ်ဆို့မှုလုပ်ခဲ့ကြသည်။

ဖြစ်ပေါ်လာသော တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် မြို့၏ တစ်စိတ်တစ်ပိုင်းတွင် နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်လိုက်ကြောင်း မဏိပူရ ပြည်နယ်အစိုးရက ကြေညာခဲ့သည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်လာသော မငြိမ်မသက်မှုများကို ထိန်းချုပ်နိုင်ရန်အလို့ငှာ မဏိပူရပြည်နယ်တွင် အင်တာနက်နှင့် မိုဘိုင်းလ်အချက်အလက် ဝန်ဆောင်မှုအားလုံးကို နှစ်ရက်ကြာပိတ်ထားရန်လည်း ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071