Friday, September 18, 2026

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...
HomeCelebrities' Newsဘုရားပေးတဲ့ဆုလို့ အဆိုတော် ကောင်းကောင်း...

ဘုရားပေးတဲ့ဆုလို့ အဆိုတော် ကောင်းကောင်း ခံယူထားတာ ဘယ်အရာလဲ

တေးဆိုအပြင် တေးရေးတာကိုလည်း ဆက်တိုက်လုပ်ဖြစ်နေ တဲ့ အဆိုတော် ကောင်းကောင်းတစ်ယောက် သူ့ရဲ့ တစ်ကိုယ် တော် စီးရီးခွေကို သိပ်မကြာခင်အတွင်းထွက်နိုင်ဖို့ ကြိုးစားနေကြောင်းပြောပါ တယ်။ လွန်ခဲ့တဲ့ နှစ်အတွင်းက ပြဿနာလေးတွေ အနည်းငယ်ရှိခဲ့တာနဲ့ ပတ်သက်ပြီး ကောင်းကောင်းကို အကြောင်းမသိဘဲ ဝေဖန်သူက ဝေဖန်ကြတာ တစ်ဖက်၊ ချစ်တဲ့ ပရိသတ်ကလည်း ချစ်ကြတာ တစ်ဖက်နဲ့ ဒါတွေကို ရင်ဆိုင်ခဲ့ရပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတမှာပါရမီပါတဲ့ ကောင်းကောင်းက ဂီတလမ်းပေါ်မှာ အရှိန်အဟုန်နဲ့ လျှောက်လှမ်းလို့နေပါပြီ။ “ကျွန်တော့်ရဲ့ အခွေအနေနဲ့က တော်တော်ကြိုးစား ထားတယ်။ ကျွန်တော်အရင်တုန်းက သီဆိုခဲ့တဲ့ Slowပုံစံလည်းပါတယ်။ ပြီး တော့ အဲဒါနဲ့ လုံးဝမတူတဲ့ ပုံစံလေးတွေလည်း ပါတယ်ပေါ့နော်။ ကျွန်တော်သီဆိုနေကျမဟုတ်တဲ့ ပုံစံလေးကို အခွေထဲမှာ ဘာဖြစ်လို့ ထည့်လဲဆိုတော့ နောက်တစ်ခွေကျလို့ရှိရင် အဲဒီလိုပုံစံမျိုးကို သွားချင်လို့ပါ။ ဒီအခွေကို ကျွန်တော် နည်းနည်းလေး ထူးထူးခြားခြား ကြိုးစားထားတဲ့အတွက် ပရိသတ် တွေ ကျွန်တော့်ကို အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ ကောင်းကောင်း က ပြောပါတယ်။ ကောင်းကောင်းခံယူထားတဲ့ ဂီတခံယူချက်ကတော့ …

“ဂီတက ကျွန်တော့်ရင်ဘတ်ထဲမှာ မွေးဖွားလာကတည်းက ပါလာပြီးသား။ ဘုရားပေးတဲ့ ဆုလို့ပဲ မြင်တယ်။ ကျွန်တော့်ရဲ့ဂီတနဲ့ ပရိသတ်ကို အကောင်းဆုံးပဲ ချပြမယ်။ ကျွန်တော်သေသွားတဲ့အထိလည်း ဒီဂီတ အလုပ်ကို လုပ်သွားမယ်။ မသိ၊ မတတ်သေးတဲ့ အခုမှဝင်ရောက်လာမယ့် မျက်နှာစိမ်းတွေကို လည်း ကျွန်တော့်ဆီက အကြံဥာဏ်တောင်းယူလို့ရပါတယ်။ လောကကြီးမှာ ဂီတက မရှိမဖြစ်ပါ။ စစ်ကိုလည်းငြိမ်း စေနိုင်တာ ဒီဂီတပဲ။ လူတွေကို ငိုအောင် လုပ် နိုင်တာ ဒီဂီတပဲ။ ဂီတက တန်ခိုးပါတယ်။ တန်ခိုးပါတဲ့ ဒီဂီတကို သူများနိုင်ငံ တွေထက်Level မြင့် အောင် ကြိုးစားကြပါလို့ ပြောချင်ပါ တယ်”လို့ ကောင်း ကောင်းက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071