Tuesday, September 15, 2026

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို အောက်တိုဘာ...

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့၌ အောက်တိုဘာ ၅ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်လွှတ်တော်ရုံးကအသိပေးကြေညာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၄၊...

နိုင်ငံတော်နည်းပညာလုံခြုံရေး ထိခိုက်နိုင်သူများကို ပြည်ပထွက်ခွာခွင့် ကန့်သတ်သည့်...

တရုတ်နိုင်ငံတွင် နိုင်ငံတော်၏ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု သတ်မှတ်ခံရသူများ၏ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်နိုင်သည့် ပြည်ဝင်၊ ပြည်ထွက်ဆိုင်ရာ စည်းမျဉ်းသစ်များ အင်္ဂါနေ့တွင်...

မလေးရှားနိုင်ငံ ဒေသ ၃၇ ခုတွင်...

ကွာလာလမ်ပူရ်၊ စက်တင်ဘာ ၁၅ မလေးရှားနိုင်ငံတွင် လေထုအရည်အသွေး ပိုမိုဆိုးရွားလာနေပြီး အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်း အနည်းဆုံး ဒေသ ၃၇ ခု၌ လေထုညစ်ညမ်းမှုညွှန်ကိန်း (API)...

ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို...

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန်...
HomeNewsLiterature Newsဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ်...

ဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ် ၃ သိန်းအား လုယက်ယူဆောင်သွား

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်းတွင် အောက် တိုဘာ ၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မော်လမြိုင်ကျွန်းမြို့နယ်နေ ဦးတင်နိုင်ဝင်း(၄၈)နှစ်သည် အသက်(၈)နှစ်နှင့်(၁၁)နှစ်အရွယ် ကလေးငယ် ၂ ဦးအားတင်ဆောင်၍ ဘိုကလေးမြို့ဘက်မှကြိမ်ချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်း ၏ ကဒုံကနိသစ်တောကြိုးဝိုင်းရှိ မီးသွေးချောင်းတံတားအနီးအရောက် ကားလမ်းပေါ်တွင် ငှက် ကြီးတောင်ဓားများကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၅ ဦးအနက် ၁ ဦးက ဆိုင်ကယ်ရှေ့ဘီးဒလက်ကြားသို့ သစ်သားတုတ်အားထိုးထည့်ခဲ့သည်။

ဆိုင်ကယ်တိမ်းမှောက်သွားစဥ် ဦးတင်နိုင်ဝင်း၏ ရင်ဘတ်အားတုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်းဓားနှင့်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်ဦးထုတ်ကွဲပြီး ဦး ခေါင်း၌(၁)လက်မခွဲခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၅ ဦးသည် ဆိုင်ကယ်၊ကီးပတ်ဖုန်းနှင့်ငွေကျပ် ၃ သိန်းတို့အား မီးသွေးချောင်းတံတားတွင် အသင့်ကပ်ထားသည့် ဖိုက်ဘာသင်္ဘောပေါ်လုယက်တင်ဆောင်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ(၃၉၇)ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို အောက်တိုဘာ ၅ ရက်တွင်ကျင်းပမည်

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့၌ အောက်တိုဘာ ၅ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်လွှတ်တော်ရုံးကအသိပေးကြေညာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း​(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈၊ ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်နည်းပညာလုံခြုံရေး ထိခိုက်နိုင်သူများကို ပြည်ပထွက်ခွာခွင့် ကန့်သတ်သည့် တရုတ်စည်းမျဉ်းသစ် စတင်အသက်ဝင်

တရုတ်နိုင်ငံတွင် နိုင်ငံတော်၏ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု သတ်မှတ်ခံရသူများ၏ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်နိုင်သည့် ပြည်ဝင်၊ ပြည်ထွက်ဆိုင်ရာ စည်းမျဉ်းသစ်များ အင်္ဂါနေ့တွင် စတင်အသက်ဝင်လာသည်။ လက်ရှိတွင် တရုတ်နိုင်ငံသားများသည် ယေဘုယျအားဖြင့် ပြည်ပသို့ လွတ်လပ်စွာ ခရီးသွားလာနိုင်သော်လည်း နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု အစိုးရက သတ်မှတ်ထားသူများ၏ ပြည်ပခရီးသွားလာမှုကို ယခင်ကတည်းက စောင့်ကြည့်ကန့်သတ်မှုများ ပြုလုပ်ထားသည်။ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းသစ်များတွင် စက်မှုလုပ်ငန်း သို့မဟုတ် နည်းပညာဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ပို့ကုန်ထိန်းချုပ်ရေးနှင့် နည်းပညာတင်သွင်း၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်မှုတို့ကို...

မလေးရှားနိုင်ငံ ဒေသ ၃၇ ခုတွင် လေထုအရည်အသွေး ကျန်းမာရေးအတွက် မကောင်းသည့်အဆင့် ရောက်ရှိ

ကွာလာလမ်ပူရ်၊ စက်တင်ဘာ ၁၅ မလေးရှားနိုင်ငံတွင် လေထုအရည်အသွေး ပိုမိုဆိုးရွားလာနေပြီး အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်း အနည်းဆုံး ဒေသ ၃၇ ခု၌ လေထုညစ်ညမ်းမှုညွှန်ကိန်း (API) သည် ကျန်းမာရေးအတွက် မကောင်းသည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ၏ လေထုညစ်ညမ်းမှုညွှန်ကိန်း စီမံခန့်ခွဲမှုစနစ်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ဘော်နီယိုကျွန်းမြောက်ပိုင်းရှိ ဆာရာဝတ်ပြည်နယ်တွင် လေထုအရည်အသွေး အဆိုးရွားဆုံးအခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ စီရီယန်ဒေသ၌ API ၁၈၈ အထိ ရှိခဲ့ကာ ပြည်နယ်မြို့တော် ကူချင်း၌ API...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071