Saturday, August 8, 2026

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက်...

ဧရာဝတီ၊ ဩဂုတ် ၈ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀...

ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားမည်ဟု...

ရန်ကုန်၊ ဩဂုတ် ၈ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့...

ကရင်ပြည်နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး...

ဘားအံ၊ ဩဂုတ် ၈ ကရင်ပြည်နယ်အတွင်း တောင်သူများ ဝမ်းစာဖူလုံရေး၊ ဝင်ငွေတိုးတက်ရေးနှင့် ပြည်ပသို့ စပါး ပိုလျှံတင်ပို့နိုင်ရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက...

တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးဖို့ အမေရိကန်တရားရုံးတွေက...

အမေရိကန်ကို ရောက်နေကြတဲ့ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒ-ဏ်ပေးခံရတာကနေ ယာယီကင်းလွတ်ခွင့်ပေးထားတာကို အမေရိကန်အစိုးရက အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန် တရားလွှတ်တော်ချုပ်ကနေ ဟေတီနဲ့...
HomeNewsLocal Newsဘားအံ၊ မဒေါက်၊ မြစ်ငယ်မြို့အတွင်းရှိ...

ဘားအံ၊ မဒေါက်၊ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးဇလ သတိပေး

ဘားအံ၊ဩဂုတ်-၈

သံလွင်မြစ်ရေသည် ယနေ့ မနက်ပိုင်းတိုင်းထွာချက်အရ ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန) က အသိပေးထုတ်ပြန်ထားသည်။

ထို့အတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဘားအံမြို့နယ်၊ မဒေါက်မြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက် ကျပ် ၁၄၆ သန်းကျော် ထောက်ပံ့

ဧရာဝတီ၊ ဩဂုတ် ၈ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် လေးမျက်နှာမြို့ပေါ် ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ရေဘေးကြောင့် ထိခိုက်ခဲ့သည့် ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်နေရာ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်တွင်...

ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားမည်ဟု မြန်မာအသင်း နည်းပြချုပ် Jørn Andersen ပြော

ရန်ကုန်၊ ဩဂုတ် ၈ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ (ဩဂုတ် ၈ ရက်) မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ရာချမန်ဂါလာ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါပွဲစဉ်မတိုင်မီပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်း နည်းပြချုပ် Jørn Andersen က ‘ ကျွန်တော်တို့ ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ၊ အသင်းအနေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပိုပြီးကောင်းလာတာကို...

ကရင်ပြည်နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက ၄ သိန်းကျော် စိုက်ပျိုးရန် လျာထား

ဘားအံ၊ ဩဂုတ် ၈ ကရင်ပြည်နယ်အတွင်း တောင်သူများ ဝမ်းစာဖူလုံရေး၊ ဝင်ငွေတိုးတက်ရေးနှင့် ပြည်ပသို့ စပါး ပိုလျှံတင်ပို့နိုင်ရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက ၄၂၈,၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် မိုးစပါး ဧက ၁၈၀,၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ကျန်ဧကများကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်သည်။ စပါးအထွက်နှုန်း ကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မြေပြုပြင်ခြင်းမှ ရိတ်သိမ်းချိန်အထိ ကွင်းဆင်း၍ နည်းပညာပေး ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်၌ ပြီးခဲ့သည့်နှစ်က မိုးစပါး ဧက ၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071