Wednesday, September 2, 2026

ကျိုက်မရောမြို့နယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် နေ ထိုင်နေကြသည့်...

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ...

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည်...

ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၁၈...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ၁၈ ရက်အကြာတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရသည့် လူနာဦးရေ သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း...

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ်...

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍...
HomeMoviesဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို့ အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့

ဘားအံ၊ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

မြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းနေ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုသို့ ရေဘေးရှောင် အိမ်ထောင်စု ၆၃၂ စု၊ လူဦးရေ စုစုပေါင်း ၂,၈၈၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်းက ဘားအံမြို့ပေါ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၊ အမှတ် (၃) အထက မိုးလုံလေလုံ အားကစားခန်းမ၊ ရွှေယဉ်မျှော် ဘုရား၊ လေသာ ဘုန်းကြီးကျောင်းတိုက်၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် အစ္စလာမ်ဗလီခန်းမ အပါအဝင် ယာယီကယ်ဆယ်ရေးစခန်း ၆ ခုသို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ အနီးကပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်မရောမြို့နယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် နေ ထိုင်နေကြသည့် ရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးသက်ထွေးနှင့် တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်း၌တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား)ထောက်ပံ့ငွေ (၁၃)သိန်းကျပ်ကို ယာယီကယ်ဆယ်ရေးစခန်းတာဝန်ရှိသူထံပေးအပ်ပြီး ရေဘေးသင့်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၍ မြို့တွင်းလမ်းမကြီးအချို့တွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများ အထူးဂရုပြုကြရန် အသိပေး

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည် ၉၁၂ စင်တီမီတာအထိ ရောက်ရှိလာကြောင်း တာဝန်ရှိသူများ၏ အသိပေးချက်အရ သိရသည်။ ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်သည့်အတွက် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ကြရန် တာဝန်ရှိသူများက အသိပေးထားသည်။ ထို့အပြင် ရေဝင်ရောက်မှုအခြေအနေ ပိုမိုဆိုးရွားလာပါက...

ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၁၈ ရက်အတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ၁၈ ရက်အကြာတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရသည့် လူနာဦးရေ သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဩဂုတ် ၁၀ ရက်ခန့်မှစတင်၍ ပြည်သူလူထုအတွင်း ဖြစ်ပွားမှု များပြားလာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရောဂါဖြစ်ပွားမှုများပြားလာချိန်တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းများ၊ ခရိုင်အသီးသီးမှ ဝန်ထမ်းများနှင့် နေပြည်တော်မှ ကူညီပံ့ပိုးမှုများဖြင့် လျင်မြန်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071