Wednesday, September 2, 2026

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ...

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည်...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း...

ဘားအံ၊ စက်တင်ဘာ ၂ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း...

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ်...

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍...

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...
HomeMoviesရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ...

ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၁၈ ရက်အတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ၁၈ ရက်အကြာတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရသည့် လူနာဦးရေ သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဩဂုတ် ၁၀ ရက်ခန့်မှစတင်၍ ပြည်သူလူထုအတွင်း ဖြစ်ပွားမှု များပြားလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရောဂါဖြစ်ပွားမှုများပြားလာချိန်တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းများ၊ ခရိုင်အသီးသီးမှ ဝန်ထမ်းများနှင့် နေပြည်တော်မှ ကူညီပံ့ပိုးမှုများဖြင့် လျင်မြန်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team – RRT) အဖြစ် စုဖွဲ့ကာ မြေပြင်ကွင်းဆင်း၍ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အလိုက် ရောဂါဖြစ်ပွားမှုများသည့် လမ်း၊ ရပ်ကွက်များနှင့် အိမ်ထောင်စုများထံ အိမ်တက်ဆင်း ကွင်းဆင်းကာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၈ ရက် (၁၈ ရက်အကြာ) တွင် ရောဂါဖြစ်ပွားမှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယအဆင့်အနေဖြင့် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများမှ သူနာပြုများနှင့် RRT အဖွဲ့ဝင် အယောက် ၈၀ ခန့်ဖြင့် ကူညီကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးဘက်နှီးနွှယ်အဖွဲ့များ၊ မြို့နယ်အလိုက် RRT အဖွဲ့များကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိကာ ရောဂါကာကွယ်စောင့်ရှောက်မှုများကို ဖိဖိစီးစီး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အလွယ်တကူ ကူးစက်နိုင်ပြီး အချိန်မီ မကုသပါက အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် မိုးရာသီကာလအတွင်း ရောဂါလက္ခဏာ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်၍ ထိရောက်သည့် ကုသမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၍ မြို့တွင်းလမ်းမကြီးအချို့တွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများ အထူးဂရုပြုကြရန် အသိပေး

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည် ၉၁၂ စင်တီမီတာအထိ ရောက်ရှိလာကြောင်း တာဝန်ရှိသူများ၏ အသိပေးချက်အရ သိရသည်။ ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်သည့်အတွက် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ကြရန် တာဝန်ရှိသူများက အသိပေးထားသည်။ ထို့အပြင် ရေဝင်ရောက်မှုအခြေအနေ ပိုမိုဆိုးရွားလာပါက...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို့ အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့

ဘားအံ၊ စက်တင်ဘာ ၂ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ မြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းနေ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုသို့ ရေဘေးရှောင် အိမ်ထောင်စု ၆၃၂ စု၊ လူဦးရေ စုစုပေါင်း ၂,၈၈၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်းက...

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘတ်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍ မြန်မာ့မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။ အဆိုပါ ရထားခရီးစဉ်တွင် ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်သည်။ ရန်ကုန်မှ ဒဂုံတက္ကသိုလ်သို ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တိုဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071