Tuesday, June 23, 2026

ရှမ်းယူနိုက်တက်နှင့် ကမ္ဘာကျော်မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE...

မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။ အဆိုပါ ပူးပေါင်းမှုကို...

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလော၌ ဖလမ်းမြို့တွင်...

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီဇယ်များကို...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ "ဇေယျာမင်း" စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ "TOP"...

ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဧရာဝတီတိုင်းလွှတ်တော်အတည်ပြု

ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေ ကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဇွန် ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ဦးကျော်ဝင်းနိုင် လေးမျက်နှာ(၁)က...
HomeMoviesဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great...

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage – Common Future” နိုင်ငံတကာဖိုရမ်တွင် ဦးခင်ရီ မိန့်ခွန်းပြောကြား

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် ဖိုရမ်၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

Brest Regional Community and Cultural Center ၌ ကျင်းပသည့် အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်အစိုးရကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်မတိုင်မီ ဦးခင်ရီနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရက်စ်မြို့ရှိ Brest Hero Fortress Memorial Complex တွင် ကျင်းပသည့် “အမျိုးသားအောက်မေ့ဖွယ်နေ့” အထိမ်းအမှတ် နိုင်ငံတကာဝတ်ပြုဆုတောင်းပွဲနှင့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအတွင်း ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရသူများအား ဂုဏ်ပြုသည့်အနေဖြင့် ထာဝရမီးလျှံနှင့် အထိမ်းအမှတ်ကျောက်စာဂူများရှေ့၌ ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Natalya Petkevich၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin အပါအဝင် နိုင်ငံအသီးသီးမှ လွှတ်တော်ခေါင်းဆောင်များ၊ နိုင်ငံတကာကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူ ၁၅,၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဖိုရမ်ကျင်းပရာနေရာ၌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Igor Sergeyenko နှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin တို့အား သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ဆက်ဆံရေး မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်နှင့် ကမ္ဘာကျော်မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE တို့ တရားဝင်ပူးပေါင်း

မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။ အဆိုပါ ပူးပေါင်းမှုကို "Two Worlds, One Goal!" ဟု အမည်ပေးထားပြီး ယခုပူးပေါင်းမှုသည် ကွင်းပြင်ပမှ Esports လှုပ်ရှားမှုများနှင့် ကွင်းအတွင်းမှ ဘောလုံးအားကစား၏ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များကို ပေါင်းစပ်ပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ အတူတကွ ဦးတည် လျှောက်လှမ်းမည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုထားသည်။ ဘောလုံးလောကနှင့်ခေတ်ရေစီးကြောင်းအရ အင်အားကြီးမားလာသည့် Esports လောကတို့ ပူးပေါင်းလိုက်ခြင်းကြောင့်...

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလော၌ ဖလမ်းမြို့တွင် စည်ပင်သာယာရေးဈေး‌ပြန်လည်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက် သားငါး‌များကို ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေသည်။ ထို့အတူ ပညာရေးအနေဖြင့် ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ ကျောင်းအပ်နှံမှုမှာ မူလတန်းကျောင်းသား/ သူ (၉၇၉) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၁၂) ဦးစုစုပေါင်း (၁၀၅၁) ဦးရှိကြောင်းသိရသည်။ ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း...

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ "ဇေယျာမင်း" စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ "TOP" စက်သုံးဆီအရောင်းဆိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ "ရထိုက်တန်"စက်သုံးဆီအရောင်းဆိုင်တို့၌ ဇွန် ၂၀ ရက်မှစတင်ကာရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက် ပျိုးနိုင်ရေးအတွက် ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို တစ်ဧကလျင်(၂)ဂါလံနှုန်းဖြင့် တစ်လီတာ(၄,၇၆၉) ကျပ်၊ တစ်ဂါလံ(၂၁,၄၆၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စိုက်ဧက(၄၀၀)ခန့်အတွက် လီတာ(၃,၆၀၀) ကျော်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071