Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMyanmar Theatrical Traditionဘဘဗိုလ်ကလေးတင့်အောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်သူ...

ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်သူ ဒါ ရိုက်တာ မောင် မျိုးမင်း (ရင်တွင်းဖြစ် )

ဒါရိုက်တာ မောင်မျိုးမင်း (ရင် တွင်းဖြစ်)က တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားငယ်ကျွမ်းဆွေကို နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ ကျော်ကျော်ဗို ၊မိုးဟေကိုတို့နဲ့ ပြန် လည်ရိုက်ကူး ပုံဖော်သွားတော့မှာ ဖြစ်ပါတယ်။

“အခု ငယ်ကျွမ်းဆွေဇာတ်ကား ကို ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ လာမယ့် နှစ်လအတွင်းမှာ ရိုက်ကူး သွားမှာပါ။ ပြီးခဲ့တဲ့နှစ်ပတ်တုန်းက တော့ ကျုံမငေးဘက်က မီးမျှောပွဲကို ဧရာဝတီမြစ်ထဲမှာ တကယ်သွားရိုက် ကူးခဲ့ပြီးသွားပါပြီ”လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကပြော ပြပါတယ်။

ငယ်ကျွမ်းဆွေဇာတ်လမ်းဟာ ရုပ်ရှင်အဖြစ်ရော၊ ပြဇာတ်အဖြစ် ရော အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ် ပြီး အခုဇာတ်လမ်းကို ပြန်လည် ရိုက် ကူးဖြစ်တာကတော့ ဘဘဗိုလ်က လေးတင့်အောင်ရဲ့ ဆန္ဒကြောင့်ဖြစ် တယ်လို့ဆိုပါတယ်။

“ဒီဇာတ်လမ်းကို ရိုက်ကူးဖြစ် တာ ဘဘဗိုလ်ကလေးတင့်အောင် ကြောင့်ပါ။ ဘဘဗိုလ်ကလေးတင့် အောင်ဆိုတာ ကျွန်တော်တို့ရဲ့ ဖခင် ကြီးဆိုလည်း မမှားပါဘူး။ ဖခင်ကြီး ဆိုတာထက် အဘိုးလို့ပြောရင်ပိုမှန် မှာပေါ့။ ဘာကြောင့်လဲဆိုရင် ဘဘက ၉၆ နှစ်ရှိပါပြီ။ ငယ်ကျွမ်း ဆွေဟာ ဘဘရဲ့အောင်မြင်ခဲ့တဲ့ ပြ ဇာတ်တစ်ခုဖြစ်တယ်။ ဘဘအောင် မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားတစ်ကား ဖြစ်တယ်။ ပြဇာတ်အဖြစ် အကြိမ်အ ကြိမ်ကပြခဲ့ပြီးပြီ။ ရုပ်ရှင်အဖြစ်တော့ ဘဘကတစ်ကြိမ်ပဲ ရိုက်ခဲ့ရသေးတယ် ထင်ပါတယ်။ ဒါပေမဲ့ ဟိုတုန်းကတော့ ဒီဇာတ်ကားကို တစ်ကြိမ်ရိုက်ကူးခဲ့ကြ သေးတယ်။ အဲဒီလိုဖြစ်တဲ့အတွက် အခုအချိန်မှာ ဘဘက ငယ်ကျွမ်းဆွေ ဇာတ်ကားကို ပြန်ရိုက်ကူးစေချင်တယ်။ ရိုက်စေချင်တဲ့အတွက် ဘဘကိုယ် တိုင်ဦးမျိုးကိုရွေးခဲ့တယ်။ တကယ်ကို ကြည်နူးရတယ် တကယ်လည်းပီတိ ဖြစ်ရတယ်။ နောက်ပြီးတော့ ဘဘ ရဲ့အရှိန်အဝါကြီးမားမှုကြောင့် တ ကယ်လည်း တာဝန်ကြီးမယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲ့ဒီအတွက် တအားကို ကြိုးစားရမှာပါ။ ဘဘနဲ့ တိုင်ပင်ထားတာတွေရှိပြီးတော့ အ ကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွား ပါမယ်။ သရုပ်ဆောင်တွေကိုလည်း ဘဘကိုယ်တိုင်ရွေးချယ်ပေးထားတာ ပါ။ ပရိသတ်အတွက် တာဝန်ကျေ အောင်လည်း အကောင်းဆုံးဖြစ် အောင်ရိုက်ကူးသွားပါမယ်။ ဘဘရဲ့ ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်တို့ ပြန်လည်ဖန်တီး တဲ့အချိန်မှာ ဂန္တ၀င်မြောက်လက်ရာ တစ်ခုမဖြစ်မှာကို အလွန်စိုးရိမ်မိပါ တယ်။ အဲဒါကြောင့် ကိုယ်စွမ်းဥာဏ် စွမ်းရှိသလောက်အစွမ်းကုန်ကြိုးစား သွားပါမယ်။ ပြီးတော့ ဘဘသက်ရှိ ထင်ရှားရှိစဉ်မှာ ကျွန်တော်တို့ရိုက်ကူး ထားတဲ့ ငယ်ကျွမ်းဆွေရုပ်ရှင် ဇာတ် ကားကို ဘဘကိုပြချင်ပါတယ်။ ဘဘ ကိုယ်တိုင်ကြည့်နေတာကို ကျွန်တော် မြင်ချင်ပါတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြော ပြခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071