ဗြိတိန်နှင့် ပြင်သစ်တို့သည် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ရေကြောင်းသွားလာမှု ပြန်လည်ထူထောင်ရေး အစီအစဉ်များကိုတင်ပြရန် လန်ဒန်တွင် နှစ်ရက်ကြာနိုင်ငံစုံစစ်ရေးစီမံချက်ညီလာခံကို နိုင်ငံပေါင်း 30 ကျော်မှ စစ်ဘက်စီမံကိန်း ရေးဆွဲသူများ တက်ရောက်ကြကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လန်ဒန်မြောက်ပိုင်း၊ Northwood ရှိ ဗြိတိန်အမြဲတမ်း ပူးတွဲဌာနချုပ်တွင်ကျင်းပသည့် အဆိုပါ အစည်းအဝေးသည် ယခင်က ရရှိထားသည့် သံတမန်ရေးရာ သဘောတူညီချက်ကို ပူးတွဲစစ်ရေးအစီအစဉ်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ပြီး အခြေအနေပေး၍ အပ-စ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်သောအချိန်န်၌ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကူအညီဖြစ်စေရန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ဒီနေ့ကျင်းပတဲ့ နိုင်ငံစုံစီမံကိန်းဆိုင်ရာ ညီလာခံက အရေးကြီးတယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာ သံတမန်ရေးအရ သဘောတူညီမှုကို ရေလက်ကြားမှာ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ကာကွယ်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ပံ့ပိုးပေးဖို့ ပူးတွဲအစီအစဉ်အဖြစ် သံတမန်သဘောတူချက်ကို စစ်ရေး စီမံကိန်း အဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ်” ဟု ဗြိတိန်ကာကွယ်ရေး ဝန်ကြီး John Healey က ဆွေးနွေးပွဲမတိုင်မီ ပြောကြားခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်မှု၊ စွမ်းအင်လုံခြုံရေးနှင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်ရေးတို့သည် လွတ်လပ်စွာ သွားလာခွင့်အပေါ် မူတည်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခဲ့သည်။ ဗြိတိန်နှင့် ပြင်သစ်တို့သည် စစ်ရေးစွမ်းရည်၊ ကွပ်ကဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေးအပြင် ဒေသဆိုင်ရာ တပ်ဖြန့်မှုများအပေါ် အဓိကထား၍ ဆွေးနွေးမှုများဖြင့် စီမံကိန်းလုပ်ငန်းစဉ်တွင် မိတ်ဖက်များက တတ်နိုင်သမျှ ပါဝင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ပြင်သစ်နှင့် ဗြိတိန်တို့သည် ဧပြီလ ၁၇ ရက် နေ့က ပါရီတွင် ဟော်မုဇ်ရေလက်ကြား နိုင်ငံတကာ ထိပ်သီးဆွေးနွေး ပွဲအတွက် နိုင်ငံပေါင်း ၅၁ နိုင်ငံကို ခေါ်ယူခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer၊ ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz နှင့် အီတလီဝန်ကြီးချုပ် Giorgia Meloni တို့ တက်ရောက်ခဲ့ပြီး ဥရောပ၊ အာရှ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဗီဒီယိုကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
Ref ရှင်းဟွာ
