Thursday, April 23, 2026

ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်း ပစ်ခတ်ခံရ

ဧပြီလ ၂၂ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်းထက်မနည်း ပ-စ်ခတ်ခံရကြောင်း ရေကြောင်းလုံခြုံရေးသတင်းရင်းမြစ်များနှင့် ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ(UKMTO) က ပြောကြားခဲ့သည်။ အမေရိကနှင့်အစ္စရေးတို့၏ ဗုံးကြဲတို-က်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့်...

တရုတ်က သီရိလင်္ကာကျောင်းသား ၄.၄ သန်းကျော်အတွက်...

ကိုလံဘို၊ ဧပြီလ ၂၂ ရက် (ဒေးလီမစ်ရာ) --တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၂၆ ခုနှစ်အတွက် ကျောင်းဝတ်စုံအပြည့်အစုံ ပေးအပ် လှူဒါန်းခြင်း ပြီးစီးကြောင်း အတည်ပြုလက်မှတ်များကို...

ဗြိတိန်နှင့် ပြင်သစ်တို့က ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍နိုင်ငံစုံစစ်ရေးစီမံချက်ရေးဆွဲခြင်းဆိုင်ရာ...

ဗြိတိန်နှင့် ပြင်သစ်တို့သည် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ရေကြောင်းသွားလာမှု ပြန်လည်ထူထောင်ရေး အစီအစဉ်များကိုတင်ပြရန် လန်ဒန်တွင် နှစ်ရက်ကြာနိုင်ငံစုံစစ်ရေးစီမံချက်ညီလာခံကို နိုင်ငံပေါင်း 30 ကျော်မှ စစ်ဘက်စီမံကိန်း ရေးဆွဲသူများ...

တစ်နှစ်နီးပါးအတွင်း အာမခံ အလုပ်သမား (၁)...

ဆေးဖိုးပြန်အမ်းငွေ ကျပ်သန်း (၈) ထောင်နီးပါး ပြန်လည်ပေးအပ်နိုင်ခဲ့ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ်...
HomeInternationalအာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏...

အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ငါးနှစ်ကြာ ဆက်ဆံရေးဝေးကွာနေခဲ့ပြီးနောက် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုမတိုင်မီ ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးမီက ရွေးကောက်ပွဲအပြီးတွင် ဦးမင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

သူတို့အာဆီယံကို ပြန်လာတာကို ကျွန်တော်တို့ ထောက်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒက “သူတို့ကို ပြန်ခေါ်လာဖို့အတွက် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမှာ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ပါပဲ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါပေမဲ့ သူတို့အာဆီယံကို ပြန်လာဖို့အတွက် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက်တုန့်ပြန်ဆောင်ရွက်ရပါမယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှုအတွက် ထိပ်တန်းအဆင့် အစည်းအဝေးများတွင် ဝန်ကြီးအဆင့်အရာရှိများက နိုင်ငံကို ကိုယ်စားပြု ၍ တက်ရောက်ခဲ့သည်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအဖွဲ့သည် မြန်မာအစိုးရသစ်ကို တရားဝင် အသိအမှတ်မပြုရသေးပါ။ အာဆီယံခေါင်းဆောင်များသည် လာမည့်လတွင် ဖိလစ်ပိုင်နိုင်ငံတွင် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်သည်။

ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခြင်းနှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒ-ဏ်လျှော့ချပေးခြင်း အပါအဝင် ပြီးခဲ့သည့်အပတ်က အကျဉ်းသားထောင်ပေါင်းများစွာအတွက် မြန်မာနိုင်ငံ၏ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ဆီဟာဆက်က ကြိုဆိုခဲ့သည်။

“ဒီလိုလုပ်ဆောင်ချက်တွေ ပိုပြီးလုပ်ဆောင်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး အာဆီယံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ဘယ်လိုနေရာလွတ်တွေ ဖွင့်လှစ်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

Ref: သယ်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်း ပစ်ခတ်ခံရ

ဧပြီလ ၂၂ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်းထက်မနည်း ပ-စ်ခတ်ခံရကြောင်း ရေကြောင်းလုံခြုံရေးသတင်းရင်းမြစ်များနှင့် ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ(UKMTO) က ပြောကြားခဲ့သည်။ အမေရိကနှင့်အစ္စရေးတို့၏ ဗုံးကြဲတို-က်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ရေလက်ကြားကို အသုံးပြုသည့် သင်္ဘောများအပေါ် အီရန်က ပထမဆုံးအကြိမ် ကန့်သတ်ချက်ချမှတ်ခဲ့သည်။ ထို့နောက် အီရန်ဆိပ်ကမ်းများကို အမေရိက၏ ပိတ်ဆို့မှုအပေါ် လက်တုန့်ပြန်ကာ ထပ်မံကန့်သတ်ခဲ့သည်။ လိုက်ဘေးရီးယားအလံလွှင့်ထူထားသော ကွန်တိန်နာသင်္ဘောတစ်စင်းသည် အိုမန်နိုင်ငံ အရှေ့မြောက်ဘက်တွင် ‌ေ-သနတ်ပ-စ်ခတ်မှုနှင့် ဗုံးပစ်လောင်ချာများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (အိုင်အာရ်ဂျီစီ) လက်နက်တပ်သင်္ဘောတစ်စင်း၏ ချဉ်းကပ်မှုခံရကြောင်း သင်္ဘောကပ္ပတိန်က သတင်းပို့ခဲ့ကြောင်း UKMTO က ပြောကြားခဲ့သည်။...

တရုတ်က သီရိလင်္ကာကျောင်းသား ၄.၄ သန်းကျော်အတွက် ကျောင်းဝတ်စုံ လှူဒါန်း

ကိုလံဘို၊ ဧပြီလ ၂၂ ရက် (ဒေးလီမစ်ရာ) --တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၂၆ ခုနှစ်အတွက် ကျောင်းဝတ်စုံအပြည့်အစုံ ပေးအပ် လှူဒါန်းခြင်း ပြီးစီးကြောင်း အတည်ပြုလက်မှတ်များကို ယနေ့ (၂၂)ရက်တွင် တရားဝင်လဲလှယ်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှု ပြီးစီးခြင်း အခမ်းအနားကို ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာနှင့် သက်မွေး ပညာဝန်ကြီး Harini Amarasuriya ၏ ကြီးကြပ်မှု လက်အောက်ရှိ Isurupaya ရှိ ပညာရေးဝန်ကြီးဌာန အဆောက်အအုံ၌ ကျင်းပခဲ့သည်။ အခမ်းအနားအတွင်း ဝန်ကြီးချုပ် Amarasuriya နှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး...

ဗြိတိန်နှင့် ပြင်သစ်တို့က ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍နိုင်ငံစုံစစ်ရေးစီမံချက်ရေးဆွဲခြင်းဆိုင်ရာ ညီလာခံကို လန်ဒန်တွင် ကျင်းပ

ဗြိတိန်နှင့် ပြင်သစ်တို့သည် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ရေကြောင်းသွားလာမှု ပြန်လည်ထူထောင်ရေး အစီအစဉ်များကိုတင်ပြရန် လန်ဒန်တွင် နှစ်ရက်ကြာနိုင်ငံစုံစစ်ရေးစီမံချက်ညီလာခံကို နိုင်ငံပေါင်း 30 ကျော်မှ စစ်ဘက်စီမံကိန်း ရေးဆွဲသူများ တက်ရောက်ကြကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လန်ဒန်မြောက်ပိုင်း၊ Northwood ရှိ ဗြိတိန်အမြဲတမ်း ပူးတွဲဌာနချုပ်တွင်ကျင်းပသည့် အဆိုပါ အစည်းအဝေးသည် ယခင်က ရရှိထားသည့် သံတမန်ရေးရာ သဘောတူညီချက်ကို ပူးတွဲစစ်ရေးအစီအစဉ်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ပြီး အခြေအနေပေး၍ အပ-စ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်သောအချိန်န်၌ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်‌ရေးအတွက် အကူအညီဖြစ်စေရန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ "ဒီနေ့ကျင်းပတဲ့ နိုင်ငံစုံစီမံကိန်းဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071