Wednesday, April 29, 2026

ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei...

မြန်မာ-ရုရှား နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး...

ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် Community Policing...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် Community Policing အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကပြောသည်။ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ...

ရန်ကုန်-ပြည်လမ်း 66KV UG Cable...

ရန်ကုန်-ပြည်လမ်းရှိ စိန်ရတုခန်းမရှေ့တွင် စည်ပင်သာယာရေးဌာနမှ Back Hole ယန္တရားဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် 66KV Underground Cable (UG Cable) အား...

အခြေခံလေကြောင်းလူငယ်သင်တန်းကို မကွေးမြို့၌ ဖွင့်လှစ်

အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ ၂၇ ရက်က မကွေးမြို့၌ စတင်ဖွင့်လှစ် သင်ကြား ပေးနေသည်။ သင်တန်း၌ သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ...
HomeNewsLocal Newsဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။

IBEC ပညာရေးစင်တာအား အလှူငွေကျပ်သိန်း (၅၀၀)၊ ရတနာသိင်္ဂီသီလရှင်ကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ ဇိနောဒယ ပရိယတ္တိစာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ ရွှေဟင်္သာတိုက်သစ်အား အလှူငွေကျပ်သိန်း(၅၀၀)၊ သုတေသက သီလရှင်စာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ မဟာသုဗောဓာရုံစာသင်တိုက်အား အလှူငွေကျပ်သိန်း(၂၅၀)နှင့် မြစကြာစာသင်တိုက်အား အလှူငွေကျပ်သိန်း (၂၅၀)တို့ကို ဗီယက်နမ်ဘုန်းတော်ကြီးက မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

” အခုလှူဒါန်းတဲ့ငွေပမာဏက အပျက်အစီးတွေပြု ပြင်ဖို့အတွက်မလုံလောက်ပါဘူး။ အပျက်အစီးတွေနဲ့ကြည့်ရင် သေးသေးလေးပါ။ အစိတ်အပိုင်းလေးတစ်ခုပါ။ ဒါပေမယ့် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ ပြိုကျပျ-က်စီး‌ေ-သဆုံးတာတွေ မြင်ရကြားရတဲ့အတွက် ရင်ထဲမှာခံစားရပါတယ်”ဟု ဗီယက်နမ်ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်ဘုန်းတော်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ပြန်လည်ပြုပြင်မှုများပြုလုပ်ရန် မတည်လှူဒါန်းမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak ကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

မြန်မာ-ရုရှား နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak ကို ယမန်နေ့ က နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပါအဝင် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် Community Policing အရှိန်မြှင့်ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် Community Policing အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကပြောသည်။ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ရွာအေးချမ်းသာယာမှုနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ထို့ပြင်...

ရန်ကုန်-ပြည်လမ်း 66KV UG Cable ထိခိုက်မှုကြောင့် ကမာရွတ်မြို့နယ်ရှိဧရိယာများ ယာယီဓာတ်အားပြတ်တောက်မည်

ရန်ကုန်-ပြည်လမ်းရှိ စိန်ရတုခန်းမရှေ့တွင် စည်ပင်သာယာရေးဌာနမှ Back Hole ယန္တရားဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် 66KV Underground Cable (UG Cable) အား ထိခိုက်မိခဲ့သဖြင့် အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ Cable ထိခိုက်မှုကြောင့် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်ခွဲရုံမှ ဓာတ်အားပေးထားသည့် ရပ်ကွက်(၂)၊ (၉)၊ (၁၀) နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ခေတ္တဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်​ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိပေးထားသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ဓာတ်အားပေးနိုင်ရေးအတွက် အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြုပြင်မှုများပြီးစီးပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပေးသွားမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071