Sunday, April 26, 2026

ပိုမိုနီးကပ်စွာပူး‌ပေါင်း ဆောင်ရွက်ရန် တရုတ်နှင့် ထိုင်း...

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် နှစ်ဖက်စလုံးက ၎င်းတို့၏ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ကဏ္ဍများစွာ၌ အဆင့်မြင့်အရာရှိအဆင့် ဖလှယ်မှုများကို တိုးချဲ့ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဘန်ကောက်ဆွေးနွေးမှုများအတွင်း...

ဆွစ်လေယာဉ်စက်ချို့ယွင်း၍ ခရီးသည် ခြောက်ဦး ဒ-ဏ်ရာရ

တနင်္ဂနွေနေ့အစောပိုင်းက ဒေလီမှ ဇူးရစ်သို့ ပျံသန်းသော ဆွစ်လေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် အင်ဒီရာဂန္ဒီနိုင်ငံတကာလေဆိပ်၏ ပြေးလမ်းပေါ်မှ အတက်တွင် စက်ချို့ယွင်းသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ခရီးသည်ခြောက်ဦးကို...

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို...

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မေလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။...

မဟာပါသဏလှိုဏ်ဂူတော်၌ (၃) ရက်တိုင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနားကို ဧပြီ ၃၀ ရက် ၊ မေ ၁...
HomeNewsLocal Newsဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံ၊ ရေကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ကြမ်းခင်း/နံရံ နေရာများတွင် Epoxy Mortar ဖြင့် ပြုပြင်ခြင်း၊ ပြတိုက်အမိုး၊ ပြတိုက်အတွင်း မျက်နှာကြက်၊ လှေကား၊ ကျွန်း သစ်သားနံရံများ၊ ကျွန်းသစ်သား အခင်းများ၊ ဝရန်တာများ၊ ကျွန်းတံခါး၊ ပြတင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ အဆောက်အဦဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလျာထားချက်ပါအတိုင်း မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ပြတိုက်အမိုးများ၊ ကျွန်းသစ်သားမျက်နှာကြက်များ၊ ကျွန်းသစ်သားကြမ်းခင်းများ၊ သစ်သားတိုင်/ရက်မများ၊ ကျွန်းသစ်သား‌လှေကားများ၊ ကျွန်းပြတင်းတံခါးများ၊ အဆောက်အအုံ၏နံရံနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများ၊ အတွင်း လျှပ်စစ်မီးကြိုးနှင့် မီးခလုတ်၊ မီးလုံးများ ရှေးမူလက်ရာ မပျက်ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်ခြင်း လုပ်ငန်းများကို သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ရှေးမူလက်ရာမပျက် စနစ်တကျ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဗိသုကာကောင်စီတို့ က ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ကျောက်စာတိုင် စိုက်ထူနေမှုနှင့် သမိုင်းဝင်သာသနိက အဆောက်အအုံများဖြစ်သည့် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ကမ္ဘာအေးမဟာ သိမ်တော်ကြီး၊ ဗုဒ္ဓသာသနာ့ဆေးရုံ၊ ဥတ္တရကုရုကျောင်းဆောင်၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်၊ အပရ ဂေါယာနကျောင်းဆောင်၊ ဇမ္ဗုဒီပ ကျောင်းဆောင်၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်ကြီးနှင့် ပိဋကတ်ပုံနှိပ်တိုက်စသည့် သမိုင်းဝင်သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သမိုင်းဝင်အထင်ကရ အဆောက်အအုံများပြင်ဆင်ရာတွင် ရှေးမူလက်ရာများအတိုင်း ခေတ်နှင့်လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ကောင်းမွန် စေမည့်စနစ်များဖြင့် ယဉ်ကျေးမှုဗိသုကာများနှင့်အညီ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိုမိုနီးကပ်စွာပူး‌ပေါင်း ဆောင်ရွက်ရန် တရုတ်နှင့် ထိုင်း သဘောတူ

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် နှစ်ဖက်စလုံးက ၎င်းတို့၏ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ကဏ္ဍများစွာ၌ အဆင့်မြင့်အရာရှိအဆင့် ဖလှယ်မှုများကို တိုးချဲ့ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဘန်ကောက်ဆွေးနွေးမှုများအတွင်း သဘောတူခဲ့ကြသည်။ ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် သောကြာနေ့က ထိုင်းနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးရောက်ရှိလာခဲ့သော ပေါ်လစ်ဗျူယိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်တွင် ကျင်းပသော အစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဓိက ဆွေးနွေးခဲ့သည်။ ထိုင်း-တရုတ် မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးကို ပိုမိုပြည့်စုံပြီး ရလဒ်ကို ဦးတည်သော မူဘောင်အဖြစ် အဆင့်မြှင့်တင်ရန် ရည်ရွယ်သည့်...

ဆွစ်လေယာဉ်စက်ချို့ယွင်း၍ ခရီးသည် ခြောက်ဦး ဒ-ဏ်ရာရ

တနင်္ဂနွေနေ့အစောပိုင်းက ဒေလီမှ ဇူးရစ်သို့ ပျံသန်းသော ဆွစ်လေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် အင်ဒီရာဂန္ဒီနိုင်ငံတကာလေဆိပ်၏ ပြေးလမ်းပေါ်မှ အတက်တွင် စက်ချို့ယွင်းသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ခရီးသည်ခြောက်ဦးကို ဆေးရုံတင်ခဲ့ရသည်။ လေယာဉ်သည် ပျံအတက်တွင် အင်ဂျင်တစ်လုံး ချို့ယွင်းကာ မီးတေ-ာက်လေ-ာင်ခဲ့မှုကြောင့် လေယာဉ်အမှုထမ်းများက လေယာဉ်ကို ရပ်တန့်ခဲ့ကာ အရေးပေါ်ရွှေ့ပြောင်းပေးမှုလုပ်ခဲ့သည်။ ခရီးစဉ်အမှတ် LX147 အဲရ်ဘတ်စ် အေ-၃၃၀ လေယာဉ်ပေါ်တွင် လူမမယ် ကလေး လေးဦးအပါအဝင် ခရီးသည် ၂၃၂ ဦးနှင့် လေယာဉ်အမှုထမ်းများ ပါဝင်ခဲ့သည်ဟု TOI သတင်းဖော်ပြချက်အရ သိရသည်။ လေယာဉ်သည်...

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မေလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ အကြိမ် (၂၀) မြောက်အရှေ့တောင် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ မေ ၁၄ ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071