တနင်္ဂနွေနေ့အစောပိုင်းက ဒေလီမှ ဇူးရစ်သို့ ပျံသန်းသော ဆွစ်လေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် အင်ဒီရာဂန္ဒီနိုင်ငံတကာလေဆိပ်၏ ပြေးလမ်းပေါ်မှ အတက်တွင် စက်ချို့ယွင်းသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ခရီးသည်ခြောက်ဦးကို ဆေးရုံတင်ခဲ့ရသည်။ လေယာဉ်သည် ပျံအတက်တွင် အင်ဂျင်တစ်လုံး ချို့ယွင်းကာ မီးတေ-ာက်လေ-ာင်ခဲ့မှုကြောင့် လေယာဉ်အမှုထမ်းများက လေယာဉ်ကို ရပ်တန့်ခဲ့ကာ အရေးပေါ်ရွှေ့ပြောင်းပေးမှုလုပ်ခဲ့သည်။
ခရီးစဉ်အမှတ် LX147 အဲရ်ဘတ်စ် အေ-၃၃၀ လေယာဉ်ပေါ်တွင် လူမမယ် ကလေး လေးဦးအပါအဝင် ခရီးသည် ၂၃၂ ဦးနှင့် လေယာဉ်အမှုထမ်းများ ပါဝင်ခဲ့သည်ဟု TOI သတင်းဖော်ပြချက်အရ သိရသည်။ လေယာဉ်သည် နံနက် ၁ နာရီ ၀၈ မိနစ်ခန့်က ပြေးလမ်း ၂၈ တွင် အရှိန်မြှင့်နေချိန်၌ စက်ချို့ယွင်း ခဲ့သည်။ ပျံသန်းမှုခြေရာခံဒေတာများအရ လေယာဉ်သည် ပျံတက်မှုရပ်ဆိုင်းခြင်းမပြုမီတွင် တစ်နာရီ လျှင် ၁၀၄ မိုင် အမြန်နှုန်းသို့ ရောက်ရှိနေခဲ့သည်။
ခရီးသည်များနှင့် အမှုထမ်းများကို အရေးပေါ်လျှောများဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်။ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့မှုအတွင်း ခရီးသည် ခြောက်ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူရန် မီဒန်တာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အခင်းဖြစ်လေယာဉ်ကို ရွှေ့ပြောင်းဖယ်ရှားပြီးသည်အထိ ပြေးလမ်းကို ဆက်လက်ပိတ်ထားသည်။
“ဒေလီမှာ လေယာဉ်ခရီးစဉ် LX147 နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တစ်ခုအကြောင်း ကျွန်တော်တို့ သိရှိပါတယ်။ အခင်းဖြစ်လေယာဉ်က အဲရ်ဘတ်စ် အေ၃၃၀ (အိပ်ချ်ဘီ-ဂျေအိပ်ချ်ကေ) ဖြစ်ပါတယ်။ ဆွစ်က အထူးအဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၈ ယောက်နဲ့ လူမမယ် ကလေး ၄ ယောက်ပါရှိပါတယ်။ အိန္ဒိယမှာ ဒေသစံတော်ချိန် မနက် ၁ နာရီ ကျော်လောက်မှာ အင်ဂျင်တစ်လုံးမှာ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်အမှုထမ်းတွေက လေယာဉ်ပျံတက်ဖို့ကို ငြင်းဆန်ခဲ့ကာ အခြေအနေကို အကဲဖြတ်ပြီးနောက် ကြိုတင်ကာကွယ်မှုအနေနဲ့ လေယဉ်ပေါ်က ဆင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဆွစ် လေကြောင်းလိုင်းကသတင်း ထုတ်ပြန်ပြောကြားခဲ့သည်။
Ref: အီးတီ
