မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဒီဇင်ဘာခြံရှေ့ရှိ လယ်ယာသုံးစက်နှင့် စက်ပစ္စည်းအရောင်းဆိုင်တွင် မေ ၂၂ ရက်ည ၈ နာရီ ၅၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ထုံးဘိုကျေးရွာအုပ်စု၊ ဒီဇင်ဘာခြံရှေ့၊ မန္တလေး-လားရှိုးသွားကားလမ်းဘေးရှိ လယ်ယာသုံးစက်နှင့်စက်ပ္စည်းအရောင်းဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွား ၍ ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်နယ်တို့မှပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ည ၁၀ နာရီ ၅ မိနစ်တွင်မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝာာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။
