Monday, May 18, 2026

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ ×...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး...

မြန်မာနိုင်ငံပြည်တွင်းတွင် ယနေ့ ဒုတိယအကြိမ်မြောက် ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါ့မြို့ ၏ အ‌ရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင် ရစ်ချက်တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်း ၁၂...
HomeMoviesပဲခူးတိုင်းတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ...

ပဲခူးတိုင်းတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ အရှိန်အဟုန်ဖြင့် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းတွင် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” ဟူသော လက်ကမ်းစာစောင်များကို သက်ဆိုင်ရာစုရပ်အလိုက် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို မေလ ၁၄ ရက်နေ့မှစတင်၍ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများကလည်း လူစည်ကားရာ ဈေးများ၊ လမ်းမများနှင့် စာသင်ကျောင်းရှေ့များတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကလည်း သက်ဆိုင်ရာဒေသအလိုက် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် ကျောင်းနေမြဲရေးအတွက် လိုက်လံနှိုးဆော်မှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်

ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် ဆစ်ဒနီမြို့၌  ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ခရိုက်စ်ချာ့ချ်မြို့၌ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲကို  အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်...

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ) မှ (အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ) အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ်...

လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။ လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိသည်။ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကာ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးသည် အရသာပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။ လက်ရှိ၌ ဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၄၀၀၀၀) ထိ စျေးရရှိနေသည်။ ယင်း ဒူးရင်းသီးများကို ဒေသတွင်း၌သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071