မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါ့မြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင် ရစ်ချက်တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့နေ့လည်ပိုင်း ၁၂ နာရီ ၃၁ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်ဖြစ်ပြီး ဟားခါး မြေငလျင်စခန်းကနေ တိုင်းထွာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်တွင်း၌ ယနေ့ အတွင်း ဒုတိယအကြိမ်မြောက်လှုပ်ခတ်ခဲ့သည့် ငလျင်လည်း ဖြစ်သည်။
ယနေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် တောင်ဘက် ၉ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး အင်အားအသင့်အတင့် ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်၊
အင်အား ၅.၂ ရှိပြီး ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင် သိသိသာသာ ခံစားခဲ့ရပြီး အထပ်မြင့်တိုက်များတွင် နေထိုင်သူများကလည်း တိုက်အောက်သို့ ပြေးဆင်းမှုများလည်း ရှိခဲ့သည်။
