Thursday, September 3, 2026

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့်...

နေပြည်တော်၊ စက်တင်ဘာ ၃ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ...

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့်...

ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ...

တိုင်းနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းအသင်းတို့...

နေပြည်တော်၊စက်တင်ဘာ ၃ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံ ဆိပ် ၂ ခုရရှိကာ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ပြီး၊...

မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု...

ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ...
HomeNewsLocal Newsပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ

ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ

နေပြည်တော်၊ စက်တင်ဘာ ၂

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံသည် လက်ရှိတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်မှုကို ဟန်ချက်ညီ ထိန်းသိမ်းထားနိုင်သဖြင့် တမံအောက်ဘက်ဒေသများနှင့် စစ်တောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အောက်ပေါင်းလောင်းတမံ၌ ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး (HED) ၁၀ ရွက် ဖွင့်လှစ်ထားရှိပြီး ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိ ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ရေဝေရေလဲဒေသများနှင့် မြစ်ဝှမ်းတစ်လျှောက် ထူးကဲစွာ မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိပါက ဒေသတွင်း ဘေးကင်းလုံခြုံမှုရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက အောက်ပေါင်းလောင်း ရေလှောင်တမံသို့ သွားရောက်၍ တမံအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တမံလုံခြုံရေးနှင့် သတိပေးအချက်ပြစနစ်ဆိုင်ရာများကို မှာကြားခဲ့သည်။

အောက်ပေါင်းလောင်း ရေလှောင်တမံသည် တည်ဆောက်ခဲ့သည့် ၂၁ နှစ်တာကာလအတွင်း ရေပိုလွှဲမှ ၁၈ ကြိမ် ရေကျော်စီးဆင်းခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ်အတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းကာ ရေကြီးမှု ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိတွင် တမံကြံ့ခိုင်ရေးအတွက် စိုးရိမ်စရာ မရှိကြောင်း သိရသည်။

အဆိုပါ တမံသည် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး HED တံခါးရွက် ၂၀ တပ်ဆင်ထားမှုကြောင့် ရေဧကပေ ၂၁,၀၀၀ ပိုမိုသိုလှောင်နိုင်ကာ နှစ်စဉ် ရေအားလျှပ်စစ် ယူနစ် ၉၁၉ သန်း ထုတ်လုပ်ပေးလျက်ရှိသည်။

သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း တမံများ၏ ရေသိုလှောင်မှု အခြေအနေများကို လူမှုမီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့် ကျောက်မျက်ပြတိုက်ကို အကြီးစား ပြန်လည်ပြုပြင်နေ

နေပြည်တော်၊ စက်တင်ဘာ ၃ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်း ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးက လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စည်းမျဉ်းစည်းကမ်းများ နားလည်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်...

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ စက်တင်ဘာ ၂ ရက်၊နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နရဉ္ဇရာချောင်းမှ ချောင်းရေလျှံကာ ဖောင်းကူးကျေးရွာအတွင်းသို့ ရုတ်တရက် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှနယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများကို ကလေးမြို့ မြို့တော်ခန်းမနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ ယာယီရေဘေးရှောင်စခန်းများ...

တိုင်းနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းအသင်းတို့ ပိုက်ကျော်ခြင်း တံခွန်စိုက်ဆုဖလားများ ဆွတ်ခူး

နေပြည်တော်၊စက်တင်ဘာ ၃ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံ ဆိပ် ၂ ခုရရှိကာ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ရရှိကာ အမျိုးသားတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ပြီး အမျိုးသားအသင်း ၁၅ သင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071